Connect with us

Europe

ဟန်ဂေရီ နိုင်ငံက 5G အကောင်အထည်ဖော်မှု အပေါ် Huawei နှင့် ပူးပေါင်းသွားမည်

ဟန်ဂေရီ နိုင်ငံ ၊ မြို့တော် ဘူဒါပတ်အား တွေ့ရစဉ်(ဆင်ဟွာ)

ဘူဒါပတ် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

ဟန်ဂေရီ နိုင်ငံက 5G ကွန်ရက် တည်ဆောက်ရန် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် Huawei နှင့် ပူးပေါင်း သွားမည် ဖြစ်ကြောင်း ဟန်ဂေရီ နိုင်ငံခြားရေး နှင့် ကုန်သွယ်ရေး ဝန်ကြီး Peter Szijjarto ၏ ကြေညာ ချက်ကို ကိုးကား၍ ဟန်ဂေရီ သတင်းအေဂျင်စီ MTI က နိုဝင်ဘာ ၅ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

ဝန်ကြီး Peter Szijjarto က ယင်းမှတ်ချက်ကို နိုဝင်ဘာ ၅ ရက်တွင် ရှန်ဟိုင်းမြို့၌ စတင် ကျင်းပခဲ့သော ဒုတိယ အကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန် ပြပွဲ(CIIE)နှင့် တပြိုင်တည်း ကျင်းပသည့် ဒုတိယ အကြိမ် Hongqiao အပြည်ပြည် ဆိုင်ရာ စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဟန်ဂေရီ နိုင်ငံက ဘယ်ကုမ္ပဏီကို မဆို သူတို့ရဲ့ လူမျိုးအပေါ်မှာ အခြေခံပြီး ခွဲခြား ဆက်ဆံတာ မရှိပါဘူး။ ဟန်ဂေရီနဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက် ဖြစ်လာဖို့ အတွက် ဒေသဆိုင်ရာ ဉပဒေတွေနဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်းကသာ တစ်ခုတည်းသော သတ်မှတ်ချက် ဖြစ်ပါတယ်။”၎င်းက ကြေညာခဲ့သည်။

ဟန်ဂေရီ နိုင်ငံ၌ 5G ကွန်ရက် တည်ဆောက်ရေးတွင် Huawei က Vodafone ၊ Deutsche Telekom တို့နှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီး Peter Szijjarto က ပြောသည်။

ဟန်ဂေရီ နိုင်ငံမှာ ဉရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အကြားတွင် ဒီဂျစ်တယ် စနစ် အသုံးပြု ဆောင်ရွက်ခြင်းက ရှေ့ဆုံး၌ ရှိနေကြောင်း ၊ ဟန်ဂေရီ နိုင်ငံ အစိုးရက  ကုန်ကျစရိတ်များကို လျှော့ချနေချိန်တွင် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို တံခါးဖွင့်ပေးခြင်းဖြင့် e-commerce ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလွန် အလေးပေးထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဟန်ဂေရီ နိုင်ငံသည် အခွန်စည်းကြပ်မှု အနည်းဆုံး နိုင်ငံ တစ်ခု ဖြစ်ပြီး နိုင်ငံ အတွက် နည်းပညာ အသစ်များ ဖြစ်သည့်  အထူးသဖြင့် စတုတ္ထမြောက် စက်မှု တော်လှန်ရေး (industry 4.0) နှင့် အင်တာနက် နည်းပညာများ ကုမ္ပဏီခွဲမှ ကုမ္ပဏီကြီးများစွာအထိ ကမ်းလှမ်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)