Connect with us

Europe

ပြင်သစ်နိုင်ငံ၌ ဓားစာခံ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် သုံးဦးသေဆုံး ၊ ပစ်မှုကျူးလွန်သူကို အသေပစ်သတ်ခဲ့ရ


ပါရီ ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံတောင်ပိုင်း Trebesမြို့ရှိ စူပါမားကက်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးက ဓားစာခံများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း ပစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Gerard Collomb က အတည်ပြုပြောကြားခဲ့သည်။

“ ဓားစာခံ ဖမ်းဆီးတဲ့သူကို သုတ်သင်ခဲ့ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။ပြင်သစ်နိုင်ငံတန်ပြန်အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့သည် စူပါမားကက်အတွင်း ဓားစာခံအချို့ကို ဖမ်းဆီးထားသူ အသက် ၂၆ နှစ်အရွယ် Redouane Lakdim အား မတ် ၂၂ ရက် နံနက်စောပိုင်းတွင် သုတ်သင်ခဲ့ကြောင်း ၊ Lakdim သည် ၎င်းကိုယ်ကို အိုင်အက်စ်တပ်ဖွဲ့ဝင်တစ်ဦးဟု ထုတ်ဖော်ကြွေးကြော်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ Trebes မြို့ရှိ စူပါမားကက် တစ်ခု၌ ဓားစာခံဖမ်းဆီးခံရသည့် အကြမ်းဖက်မှုတစ်ခု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့(ဆင်ဟွာ)

အဆောက်အအုံအတွင်း ဝင်ရောက်စဉ် Lakdim က အလ္လာအက်ကဘာ (ကြီးကျယ်သော ဘုရားသခင်) ဟု ဟစ်ကြွေးခဲ့ကြောင်း ၊ ၎င်းသည် ဓားစာခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း နှင့် ဓားစာခံကယ်ဆယ်ရေး စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်သမားသည် မော်တော်ကားတစ်စီးကို ခိုးယူရန် အခြားလူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း နှင့် နောက်တစ်ဦးမှာလည်း ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရသိရသည်။အကြမ်းဖက်သမားသည် Trebes မြို့မှ ကားဖြင့် ထွက်ပြေးရန် ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

Lakdim သည် မော်ရိုကို နိုင်ငံ၌ မွေးဖွားခဲ့သူတစ်ဦးဖြစ်ကြောင်း ၊ ဓားစာခံဖမ်းဆီးမှုကို ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး က ဆိုသည်။၎င်းအား လုယက်မှု နှင့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုဖြင့် ရဲတပ်ဖွဲ့က သိထားသော်လည်း အစွန်းရောက် လက္ခဏာများ မမြင်တွေ့ခဲ့ရကြောင်း Collomb က ပြောသည်။

ပြီးခဲ့သော ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက လူပေါင်း ၁၃ဝ ဦး အသက်သေဆုံးခဲ့ရသည့် ပါရီအကြမ်းဖက်မှု ဖြစ်စဉ်တွင် တစ်ဦးတည်းအသက်ရှင်ကျန်ရစ်သူ သံသယတရားခံ Salah Abdeslam အား လွှတ်ပေးရန် Lakdim က တောင်းဆိုခဲ့သည်။

အခင်းဖြစ်နေ့နံနက်အစောပိုင်းတွင် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Edouard Philippe က ဓားစာခံဖမ်းဆီးမှုဖြစ်စဉ်အား “ အကြမ်းဖက်လုပ်ရပ်” တစ်ခုဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းဖြစ်စဉ်အပေါ် ပြင်သစ်နိုင်ငံ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.