Connect with us

Europe

တူရကီအလယ်ပိုင်းတွင် F-16 ဂျက်လေယာဉ် ပျက်ကျမှုကြောင့် စစ်သား ၁ဦးသေဆုံး

တူရကီအလယ်ပိုင်းတွင် ပျက်ကျခဲ့သော F-16 ဂျက်လေယာဉ် နှင့် ပုံစံတူတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အလယ်ပိုင်း Nevsehir ပြည်နယ် တွင် မတ် ၂၃ ရက် က F-16တိုက်ဂျက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ တူရကီစစ်သားတစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ဂျက်လေယာဉ်သည် ဒေသစံတော်ချိန် ညနေ ၆း၃၀နာရီ တွင် လေ့ကျင့်ပျံသန်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း တူရကီစစ်တပ်က ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။အခင်းဖြစ်ပွားရာသို့ မီးသတ်ယာဉ်များ၊ ကယ်ဆယ်ရေး တပ်ဖွဲ့များ နှင့် အခြားတပ်ဖွဲ့ဝင်များ ကို အလျင်အမြန်စေလွှတ်ခဲ့ကြောင်း သိရသည်။

အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် စစ်သား၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများကိုလည်း တွေ့ရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)