Connect with us

Europe

ရုရှား နိုင်ငံ ဈေးဝယ်စင်တာ မီးလောင်မှု တွင် ယနေ့ နံနက်ပိုင်း အချိန်ထိ ၃၇ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၄၁ ဦး အပါအဝင် လူပေါင်း ၆၄ ဦး ပျောက်ဆုံး

ရုရှား နိုင်ငံ တွင် မတ်လ ၂၅ ရက်နေ့၌ မီးလောင်မှု ဖြစ်ပွား ခဲ့သည့် ဈေးဝယ်စင်တာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စတော့ ၊ မတ်လ ၂၆ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ ဆိုက်ဘေးရီးယား တောင်ပိုင်း Kemerovo မြို့ရှိ ဈေးဝယ်စင်တာ တစ်ခု မီးလောင်မှု ဖြစ်ပွား ခဲ့ရာ ယနေ့ နံနက်ပိုင်း အချိန်ထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး မီးလောင်မှုကြောင့် လူပေါင်း ၃၇ ဦး သေဆုံးခဲ့ကာ လူပေါင်း ၆၄ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ လက်ရှိချိန်တွင် လူပေါင်း ၆၀၀ ကျော် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွင် ပါဝင်ဆောင်ရွက်နေပြီး မီးလောင်မှုကြောင့် ပြိုကျခဲ့သည့် အဆောက်အဦ အစိတ်အပိုင်း နှင့် မီးခိုးငွေ့ များကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို အခက်အခဲ ဖြစ်စေခဲ့ကြောင်း သိရှိရသည်။

ရုရှား နိုင်ငံ ဝန်ကြီးချုပ် အတွင်းရေးမှူး က ရုရှား နိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev အနေဖြင့် မီးလောင်မှု နှင့် ပတ်သက်သည့် အစီရင်ခံစာ ကို ကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာ ဌာန များအား အသက်နိုင်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း မတ်လ ၂၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

Kemerovo မြို့ “ဆောင်းရာသီချယ်ရီ” အမည်ရှိ ဈေးဝယ်စင်တာ တစ်ခု သည် မတ်လ ၂၅ ရက်နေ့၌ မီးလောင်မှု ဖြစ်ပွား ခဲ့ပြီး ဈေးဝယ်စင်တာ ၏ စတုတ္တ အထပ် မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.