Connect with us

Europe

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် လူ ၂ ဦးသေဆုံးပြီး လူ ၅၀ ခန့်ဒဏ်ရာရ


ပါရီ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Christophe Castanerက ယင်းနေ့တွင်ပင် လူမှုမီဒီယာကတစ်ဆင့် ပြောကြားခဲ့သည်။

ကနဦး စာရင်းများအရ အချင်းဖြစ်ပွားမှုကြောင့် လူ ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု Castanerကဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်နိုင်ကြောင်း ၊ သက်ဆိုင်ရာဌာနများက အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း စစ်ဆေးရေးအရာရှိတစ်ဦးက မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ ဇန်နဝါရီ ၁၂ ရက် အစောပိုင်းက ပါရီမြို့အမှတ် ၉ ရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ အချင်းဖြစ်နေရာတွင် မီးသတ်ကားအစီး ၃၀ ကျော် မီးငြိမ်းသတ်ခဲ့ရပြီး လမ်းများတွင် မီးခိုးငွေ့များ ပြည့်နက်နေပြီး မီးလောင်ကျွမ်းသည့်အညှော်နံ့များ ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.