Connect with us

Europe

ထွက်ပြေးလာသော ဆော်ဒီ အမျိုးသမီး ကနေဒါနိုင်ငံသို့ ရောက်ရှိ

ဆော်ဒီအာရေဗျ အမျိုးသမီးငယ် ရာဟာ့ဖ်မိုဟာမက်အာလ်ကွင်နီအား ထိုင်းနိုင်ငံ လေဆိပ်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

မိသားစုအတွင်း အကြမ်းဖက်ခံရသည့် ဘေးအန္တရာယ်မှ ထွက်ပြေးလာသော ဆော်ဒီအာရေဗျ အမျိုးသမီးသည် နိုင်ငံရေးခိုလှုံခွင့်ရရှိကာ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကနေဒါနိုင်ငံ တိုရန်တိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ရာဟာ့ဖ်မိုဟာမက်အာလ်ကွင်နီ (Rahaf Mohammed al-Qunun) အား ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာ ဖရီးလန်း (Chrystia Freeland) က တိုရန်တိုမြို့ရှိ Pearson နိုင်ငံတကာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း CTV သတင်းအရ သိရသည်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ကနေဒါနိုင်ငံအနေဖြင့် ကွင်နီအား ဒုက္ခသည်အဖြစ် လက်ခံမည်ဟု ကြေညာပြီးနောက်တစ်နေ့၌ ကွင်နီသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ တိုရန်တိုမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ကွင်နီသည် ၎င်းတို့မိသားစု ကူဝိတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဘန်ကောက်သို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအား ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခွင့် ငြင်းပယ်ခံရပြီး ပတ်စပို့ကိုလည်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ သိမ်းဆည်းခြင်းခံခဲ့ရကာ ဇန်နဝါရီလ ၅ ရက်က ဘန်ကောက်လေဆိပ်တွင် ရပ်တန့်ခဲ့ရသည်။

ထို့နောက် ကွင်နီသည် ၎င်းကိုယ်တိုင် လေဆိပ်ဟိုတယ်ခန်းတစ်ခုအတွင်း ပိတ်နေခဲ့ပြီး ၎င်း၏ တွစ်တာအကောင့်မှတစ်ဆင့် လူမှုမီဒီယာ စည်းရုံးမှုတစ်ခုလုပ်ဆောင်ခဲ့ပြီး ၎င်း၏ဖြစ်ရပ်အပေါ် ကမ္ဘာ့အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ ၎င်းအား ဖခင်က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလုပ်ဆောင်ခဲ့ပြီး အတင်းအကြပ် လက်ထပ်ရန်ခိုင်းစေရန်ကြိုးပမ်းခဲ့ကြောင်း ကွင်နီက ပြောကြားခဲ့သည်။ ကွင်နီ၏ ဖခင်ကမူ အဆိုပါ စွပ်စွဲချက်နှစ်ခုလုံးကို ငြင်းပယ်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်တွင် ကွင်နီအား လက်ခံရန် ကနေဒါအစိုးရဘက်က မီးစိမ်းပြခဲ့သည်။ ယခင်က ကနေဒါနိုင်ငံနှင့် သြစတြေးလျနိုင်ငံအပါအဝင် နိုင်ငံများစွာက ကွင်နီအား လက်ခံရန် ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးနှင့် စကားပြောဆိုခဲ့ကြသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ကွင်နီအား ခိုလှုံခွင့်ပေးရန် ကနေဒါနိုင်ငံ၏ လျင်မြန်သည့် ဆုံးဖြတ်ချက်အား ကြိုဆိုကြောင်းနှင့် ၎င်းအတွက် ကနေဒါနိုင်ငံတွင် ဒုက္ခသည်တစ်ဦးအဖြစ် အခြေကျနေထိုင်ရန် “ကာလရှည် ဖြေရှင်းချက်” တစ်ခု ထောက်ပံ့ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.