Europe
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဆီးနှင်းပြိုကျမှုဖြစ်ပွား၊ လူ ၁ ဦး သေဆုံး ၂ ဦး ဒဏ်ရာရ

ပါရီ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ် အရှေ့ပိုင်းရှိ နှင်းလျောစီးအပန်းဖြေစခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ပွားသည့်နေရာမှာ နှင်းလျောစီးရာလမ်းကြောင်းပြင်ပတွင် ဖြစ်ကြောင်း ၊ ၎င်းနေရာ၌ လူ ၁၀ ဦး ရှိရာ ၇ ဦးမှာ အန္တရာယ်မှလွတ်မြောက်ခဲ့ကြောင်း Le Figaro သတင်းစာက ဖော်ပြထားသည်။
ယခုရက်ပိုင်းများတွင် အချင်းဖြစ်နေရာတစ်ဝိုက်ကို နှင်းပြိုကျမှုအန္တရာယ်အထူးသတိထားရာနေရာ၊ ဆီးနှင်းအန္တရာယ် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း ပြင်သစ်နိုင်ငံမိုးဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်ဟု သိရသည်။ (Xinhua)