Connect with us

Europe

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach က တရုတ်နှစ်ကူး ဆုတောင်းစကားပြောကြားပြီး ဆွစ်ဇာလန်နိုင်ငံရှိတရုတ်နွယ်ဖွားအမျိုးသားများနှင့်အတူ နွေဦးနှစ်သစ်ပွဲတော်ကို အတူဆင်နွဲ


လော့ဆန်နီ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)ဥက္ကဋ္ဌ Thomas Bachသည် ဖေဖော်ဝါရီ ၄ ရက် ဆွစ်ဇာလန်နိုင်ငံ လော့ဆန်နီမြို့ အိုလံပစ်ပြတိုက်တွင် ဆွစ်ဇာလန်နိုင်ငံရှိ တရုတ်နွယ်ဖွား အမျိုးသားများနှင့်အတူ နွေဦးနှစ်သစ်ပွဲတော်ကို အတူဆင်နွဲခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၄ ရက် တရုတ်နှစ်ကူး နွေဦးပွဲတော် နှစ်သစ်အကြိုညတွင် Thomas Bachက အခမ်းအနားကို ပါဝင်တက်ရောက်သည့် ဧည့်သည်တော်များနှင့်အတူ “Xin Nian Kuai Le” နှစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေဟု အတူပျော်ရွှင်စွာ အော်ဟစ်ဆုတောင်းပြီးနှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံ လော့ဆန်နီမြို့ အိုလံပစ်ပြတိုက်တွင် တရုတ်နှစ်ကူး နွေဦးပွဲတော်ကြိုဆိုပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူပြည်သားများ နှစ်သစ်မှာပျော်ရွှင်ကြပါစေဟု Thomas Bachက ၎င်း၏အမှာစကားတွင် ပထမဦးစွာ ဆုတောင်းမေတ္တာပို့သခဲ့သည်။ ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ၏ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို လေ့လာရန်အတွက် IOC လေ့လာရေးကိုယ်စားလှယ်အဖွဲ့က မကြာသေးမီအချိန်က တရုတ်နိုင်ငံသို့သွားရောက်လေ့လာခဲ့ကြောင်း ၊ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများက ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အဆင်ပြေချောမွေ့စွာဆောင်ရွက်လျက်ရှိရာ အထူးပင်ဝမ်းသာကျေနပ်မိပါကြောင်း ၊ နှစ်သစ်ကာလတွင် IOC အနေဖြင့်တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးလုပ်ဆောင်သွားမည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးအဆက်မပြတ်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း Thomas Bachက ပြောကြားခဲ့သည်။

အဆိုပါနေ့တွင်ပင် အိုလံပစ်ပြတိုက်၌ တရုတ်နှစ်ကူးမင်္ဂလာ နွေဦးပွဲတော်အစီအစဉ် ဖွင့်လှစ်ပွဲကျင်းပခဲ့ရာ ပြတိုက်တွင် အိုလံပစ်အားကစားကို အဓိကထားသရုပ်ဖော်ရေးဆွဲထားသည့် တရုတ်ပန်းချီလက်ရာများကို ပြသထားသလို အနီရောင် တရုတ် မီးပုံးများ ၊ဆုတောင်းစာတန်းများကို ချိတ်ဆွဲထားရာ လာရောက်ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.