Connect with us

Europe

လန်ဒန် မြေအောက်ရထားဘူတာတွင် အမျိုးသမီးတစ်ဦး၏ စကပ်အောက်ပိုင်းကို ဓာတ်ပုံရိုက်မှုကြောင့် အမျိုးသားတစ်ဦး ပေါင် ၂၀၀၀ ဒဏ်ငွေတပ်ခံရ

အမျိုးသမီးတစ်ဦး၏ စကပ်အောက်မှ ဓာတ်ပုံပင့်ရိုက်နေသည့် အမျိုးသားတစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ မြေအောက်ဘူတာရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၁ ရက်က အမျိုးသမီးတစ်ဦး၏ စကပ်အောက်ပိုင်းကို ဓာတ်ပုံရိုက်ကူးမှုကြောင့် အမျိုးသားတစ်ဦး ပေါင် ၂,၀၀၀ ဒဏ်ငွေရိုက်ခံရကြောင်း သိရသည်။

အသက် ၃၈ နှစ်အရွယ် Hiroshi Yuasa သည် ၂၀၁၈ ခုနှစ် ဧပြီလက လန်ဒန်မြို့လယ်ရှိ ဗစ်တိုးရီးယား မြေအောက်ဘူတာရုံတွင် အမျိုးသမီးတစ်ဦး၏ နောက်မှငုံ့ပြီး ထိုအမျိုးသမီး၏စကပ်အောက်ပိုင်းအား ဓာတ်ပုံရိုက်ယူခဲ့ခြင်း ဖြစ်သည်။အမျိုးသမီးများ၏ မျက်နှာပုံများနှင့် စကပ်အောက်ပိုင်းကို ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုပေါင်းများစွာအား ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါ အမျိုးသားမှာ အများပြည်သူဆိုင်ရာ သင့်လျော်မှုမရှိသည့် အပြုအမူကို ဆိုးဝါးစွာကျူးလွန်သည့်အတွက် အရေးယူခြင်းခံခဲ့ရကြောင်း တရားရုံးအထောက်အထားများက ဖော်ပြထားသည်။

လန်ဒန်မြို့လယ်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်သော Yuasa သည် ဝက်စ်မင်စတာ အောက်ရုံးတရားသူကြီးမှ ဖေဖော်ဝါရီလ ၁ ရက်က ဒဏ်ရိုက်ခြင်းခံခဲ့ရပြီး ကျူးလွန်ခံရသည့်အမျိုးသမီးအား ပေါင် ၄၀၀ နစ်နာကြေး ပေးခဲ့ရသည်။ထို့ပြင် နစ်နာသူအတွက် ပေါင် ၁၇၀ နှင့် အမှုစစ်ဆေးခြင်းကုန်ကျစရိတ်အဖြစ် ပေါင် ၄၀၀ အပိုဒဏ်ကြေးပေးဆောင်ခဲ့ရကြောင်း ဒေသခံသတင်းများက ဖော်ပြခဲ့ကြသည်။စကပ်အောက်ပိုင်းကို ဓာတ်ပုံရိုက်ယူခြင်းသည် ပြီးခဲ့သည့်တွင် ဗြိတိန် အထက်လွှတ်တော်က ဥပဒေသစ်အဖြစ် ခွင့်ပြုလိုက်ပြီးနောက် ပြစ်မှုမြောက်လာခဲ့သည်။အဆိုပါ ပြစ်မှုသည် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ (Xinhua)