Connect with us

Europe

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ပွဲတွင် နိုင်ငံရေးသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရန် ယှဉ်ပြိုင်မှုအား ဇွန်လ ၁၀ ရက်တွင် တရားဝင်စတင်လိုက်ပြီး ဗြိတိန်နိုင်ငံရေးလောကတွင် အကြီးမားဆုံးလုပ်ငန်းတာဝန်အတွက် ယှဉ်ပြိုင်ရန် လူ ၁၀ ဦးက ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

ထရီဆာမေ (Treresa May) ၏ နေရာဆက်ခံမည့်သူအား နောက်ဆုံးနေ့မတိုင်မီ စတင်ပေါ်ထွက်လာခြင်းဖြစ်ပြီး ယှဉ်ပြိုင်မည့်သူများစာရင်းကို ဇူလိုင်လမကုန်မီ ကြေညာသွားမည်ဟု မျှော်လင့်ရသည်။

အဆိုပါ ယှဉ်ပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင် (Boris Johnson) က အလားအလာများနေသည်ဟု ဆိုသည်။

ထရီဆာမေသည် ၎င်း၏နေရာဆက်ခံမည့်သူ ရွေးချယ်ပြီးစီးသည့်တိုင် ယာယီ ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည့် ပုဂ္ဂိုလ်မှာ ဝန်ကြီးချုပ်အဖြစ် အလိုအလျောက်ဖြစ်လာမည် ဖြစ်သည်။

ဝန်ကြီးချုပ်သစ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်သူများမှာ ဘောရစ်ဂျွန်ဆင်အပြင် နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt, သဘာဝပတ်ဝန်းကျင်ဝန်ကြီး Michael Gove, ကျန်းမာရေးဝန်ကြီး Matt Hancock, ပြည်ထဲရေးဝန်ကြီး Sajid Javis, Brexit ဝန်ကြီးဟောင်း Dominic Raab, နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး Rory Stewart, အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း Andrea Leadsom, ဝန်ကြီးဟောင်း Esther McVey နှင့် အထက်လွှတ်တော်အမတ် Mark Harper တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.