Connect with us

Europe

ကာဇက်စတန် သမ္မတ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်များ အရ Tokayev အနိုင်ရရှိ

ကာဇက်စတန် သမ္မတ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

နာ-ဆူလ်တန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ကာဇက်စတန် နိုင်ငံ၏ ကြားဖြတ် သမ္မတ Kassym-Jomart Tokayev သည် သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံ မဲပေးသူ ၇၀.၉၆ ရာခိုင်နှုန်း ရရှိကာ အနိုင်ရရှိသွားခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၁၀ ရက်တွင် နောက်ဆုံး ရလဒ်များအား ထုတ်ပြန်မှုများ အရ သိရသည်။

သမ္မတ ရွေးကောက်ပွဲ၏ နောက်ဆုံး ရလဒ်များ အရ Tokayev သည် မဲပေးသူ ၇၀.၉၆ ရာခိုင်နှုန်း(၆.၅၃ သန်း) ၊ ညီညွှတ်သော အမျိုးသား မျိုးချစ်လှုပ်ရှားမှု “Ult Tagdyry” မှ အတိုက်အခံ ကိုယ်စားလှယ်လောင်း Amirzhan Kosanov သည် မဲပေးသူ ၁၆.၂၃ ရာခိုင်နှုန်း (၁.၄၉ သန်း) ရရှိခဲ့ကြောင်း ဗဟိုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် Lyazzat Suleimen ထံမှ သိရသည်။

ကာဇက်စတန် နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ကိုယ်စားလှယ်လောင်း တစ်ဦးသည် မဲပေးသူ အရေအတွက် ၅၀ ရာခိုင်နှုန်းကျော် ရရှိပါက ရွေးကောက် တင်မြှောက်ရန် ထည့်သွင်း စဉ်းစားရလိမ့်မည် ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သော ရွေးကောက်ပွဲတွင် မဲဆန္ဒ ပေးသူ ၇၇.၄ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

အသက် ၆၆ နှစ် အရွယ်ရှိသူ Tokayev သည် နိုင်ငံရေး သမား နှင့် သံတမန် တစ်ဦး ဖြစ်ပြီး သမ္မတဟောင်း Nursultan Nazarbayev နေရာကို ဆက်ခံမည် ဖြစ်ကြောင်း ၊ သမ္မတဟောင်းသည် မတ်လတွင် ရာထူးမှ နှုတ်ထွက်ခဲ့ပြီး ကြားဖြတ် ခေါင်းဆောင် အဖြစ် Tokayev သည် အမည်ခံခဲ့ကြောင်း သိရသည်။

သမ္မတဟောင်း Nazarbayev သည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုမှ ကာဇက်စတန် နိုင်ငံ လွတ်လပ်ရေး ရရှိစဉ်ကတည်းက ကာဇက်စတန် နိုင်ငံ၏ သမ္မတ ဖြစ်ခဲ့သူ ဖြစ်ကြောင်း သိရသည်။(Xinhua)