Connect with us

Europe

ကုလသမဂ္ဂအကြီးအကဲ က မာလီနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် လူအများအပြားသေဆုံးခဲ့သောတိုက်ခိုက်မှုအားရှုတ်ချ

မာလီနိုင်ငံအလယ်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လူများဘေးလွတ်ရာသို့ ထွက်ခွါမှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကုလသမဂ္ဂ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)က အနည်းဆုံး အရပ်သား ၉၅ ဦး သေဆုံးခဲ့သည့် မာလီနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု နှင့် ပတ်သက်၍ ရှုတ်ချခဲ့ကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၁၀ ရက်တွင်ပြောကြားသည်။

ထုတ်ပြန်ချက်မှတ်တမ်းအရ ဇွန် ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မာလီနိုင်ငံအလယ်ပိုင်း၊ Mopti ပြည်နယ်၊ Sobanou-Kouကျေးရွာတိုက်ခိုက်မှုတွင် အမျိုးသမီး နှင့် ကလေးများ အပါအဝင် အနည်းဆုံးအရပ်သား ၉၅ ဦး အသတ်ခံခဲ့ရပြီး လူအများအပြားထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် နှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် က ကြီးမားစွာတုံလှုပ်ဒေါသထွက်လျက်ရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric ကပြောသည်။

“အတွင်းရေးမှုးချုပ် အနေနဲ့ ဒီတိုက်ခိုက်မှု ကိုအပြင်းအထန်ရှုတ်ချပါတယ်၊ မာလီနိုင်ငံရှိ တာဝန်ရှိသူများအနေဖြင့် တရားမျှတမှုရှိစေရန် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရန် နှင့် စုံစမ်းစစ်ဆေးရန်အတွင်းရေးမှုးချုပ်က တောင်းဆိုပါတယ်’’ ဟု Dujarric ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.