Europe
ဗြိတိန် ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်အရ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၁၈ နေရာ ရရှိခဲ့

လန်ဒန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၁၈ နေရာ၊ လေဘာပါတီက ၂၆၂ နေရာ အသီးသီး ရရှိခဲ့ကြောင်း ဇွန်လ ၉ ရက် ညပိုင်းတွင် နောက်ဆုံး ထုတ်ပြန်သည့် ရလဒ်အရ သိရသည်။
ရွေးကောက်ပွဲ ရလဒ်များအရ လွှတ်တော်အတွင်း အစိုးရဖွဲ့နိုင်သည့် အမတ်အရေအတွက် ဖြစ်သော ၃၂၆ နေရာအတွက်မူ မည်သည့် ပါတီကမျှ အပြည့်အဝ မရရှိခဲ့ပေ။
ဗြိတိန် ဝန်ကြီးချုပ် ထရီစာမေက DUP (Democratic Unionists Party) ၏ ပူးပေါင်းမှုဖြင့် ညွန့်ပေါင်း အစိုးရ တစ်ရပ် စတင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)