Connect with us

Europe

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲတွင် မက်ခရွန်၏ပါတီ ဦးဆောင်နေ

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲ ပထမအကြော့တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ LREM ပါတီ နှင့် ၎င်း၏မဟာမိတ် MoDem ပါတီတို့က ဦးဆောင်လျက်ရှိကြောင်း ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁၂ ရက် နံနက်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးရလဒ်အရ မက်ခရွန်၏ LREM ပါတီ နှင့် MoDem ပါတီသည် မဲအရေအတွက် ၃၂.၃၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဗဟိုလက်ယာယိမ်း ရီပတ်ဗလစ်ကန်ပါတီ နှင့် လက်ယာယိမ်း National Front of Marine Le Pen ပါတီက မဲအရေအတွက် ၂၁.၅၆ ရာခိုင်နှုန်း နှင့် ၁၃.၂ ရာခိုင်နှုန်းအသီးသီး ရရှိထားသည်။

ပြင်သစ်နိုင်ငံရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းအရ ပထမအကြော့မဲပေးပွဲတွင် စုစုပေါင်း မဲအရေအတွက် ၅ဝ ရာခိုင်နှုန်းကျော်ရရှိသည့် ပါတီက လွှတ်တော်ကို လွှမ်းမိုးခွင့် ရရှိမည်ဖြစ်သည်။ အကယ်၍ ရှင်းရှင်းလင်းလင်း အနိုင်ရရှိသူ မရှိပါက ပထမအကြော့ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၁၂.၅ ရာခိုင်အနှုန်အထက်ရရှိသည့် လွှတ်ကိုယ်စားလှယ်အားလုံးသည် ရှုံးထွက်အဆင့်သို့တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

လာမည့် ဇွန်လ ၁၈ ရက်တွင် ပြုလုပ်မည့် ရှုံးထွက်အဆင့် ရွေးကောက်ပွဲတွင် မက်ခရွန်အနေဖြင့် နောက်ထပ် ၅ နှစ်သက်တမ်းအား ဦးဆောင်ခွင့်ရ၊ မရကို အဆုံးအဖြတ်ပေးနိုင်တော့မည်ဖြစ်သည်။LREM နှင့် MoDem ပါတီတို့သည် အောက်လွှတ်တော်အမတ် ၅၅၇ နေရာတွင် လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ မှ ၄၄၅ နေရာအထိ အနိုင်ရဖွယ်ရှိပြီး ပြည်လုံးကျွတ်အတိုင်းအတာဖြင့် အနိုင်ရကြောင်း ရလဒ်များက ဖော်ပြသည်။

မက်ခရွန်၏ ပထမဆုံးအကြိမ်နိုင်ငံရေးအစမ်းသတ်ခံမှုတွင် ၎င်းကိုယ်တိုင် တည်ထောင်ထားသည့် သက်တမ်း တစ်နှစ်သာရှိသေးသော LREM ပါတီ၌ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ၂၁၄ ဦးအပါအဝင် ကိုယ်စားလှယ်ပေါင်း ၄၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၊ ၎င်းတို့အနက် ထက်ဝက်ခန့်သည် လူမှုရေးအသင်းအဖွဲ့များ နှင့် တစ်ကြိမ်တစ်ခါမျှ အရွေးအကောက်မခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.