Connect with us

Europe

ဗြိတိန်၏ ကြိုတင်ကျင်းပသော ရွေးကောက်ပွဲအတွက် မဲရုံများဖွင့်လှစ်

ဗြိတိန်နိုင်ငံ ရွေးကောက်ပွဲအတွက် မဲရုံရှေ့တွင် မဲပေးရန် စောင့်ဆိုင်းနေသည့် ဗြိတိန်နိုင်ငံသားများ အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

သတင်းမီဒီယာ တချို့က မျိုးဆက်တစ်ခုတွင် အရေးအကြီးဆုံး ကိစ္စတစ်ခုအဖြစ် အမည်ပေးသတ်မှတ် ထားသော ဗြိတိန်နိုင်ငံ၏ ကြိုတင်ကျင်းပသည့် ရွေးကောက်ပွဲ၌ ပြည်သူများ၏ ဆုံးဖြတ်ချက်အတိုင်း ဆန္ဒမဲပေးနိုင်ရန် ဗြိတိန်နိုင်ငံ တစ်ဝန်းတွင် မဲရုံများအား ဇွန်လ ၈ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ နှင့် ဥရောပသမဂ္ဂအကြား အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ဆွေးနွေးပွဲ တရားဝင်စတင်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဆန္ဒမဲပေးမှု စတင်ခဲ့ခြင်းဖြစ်သည်။

နံနက်စောစော အိပ်ယာထသူများ နှင့် လုပ်ငန်းခွင်သို့ သွားရောက်နေသူများ ဆန္ဒမဲပေးရာ၌ အဆင်ပြေစေရန် မဲရုံများအား ဒေသစံတော်ချိန် နံနက် ၇နာရီတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆန္ဒမဲပေးမှုသည် ည ၁၀နာရီတွင် ပြီးဆုံးမည်ဖြစ်ပြီး ထို့နောက် တရားဝင် မဲရေတွက်မှုများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ က လွန်ခဲ့သော ၆ပတ် က ရွေးကောက်ပွဲ ကို ကြိုတင်ကျင်းပမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.