Connect with us

Europe

မြူးနစ် သေနတ်ပစ်ခတ်မှုတွင် ၁၀ ဦး သေဆုံး၊ ၁၆ ဦး ဒဏ်ရာရ

မြူးနစ်မြို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့များ လုံခြုံရေး ယူထားစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ တောင်ပိုင်းမြို့ဖြစ်သော မြူးနစ်ရှိ အိုလံပီယာ ရှော့ပင်းစင်တာတွင် ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမား အပါအဝင် လူ ၁၀ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြူးနစ် ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၃ ရက် အစောပိုင်းက ပြောကြားခဲ့သည်။

သေနတ်သမားသည် အသက် ၁၈ နှစ်အရွယ် ဖြစ်ပြီး ဂျာမနီနှင့် အီရန် တို့တွင် နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ နေထိုင်ခဲ့သူ ဖြစ်ကြောင်း မြူးနစ် ရဲချုပ် Hubertus Andrae က သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ဒဏ်ရာရရှိသူများအနက် ၃ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိနေပြီး ကလေးအချို့လည်း ဒဏ်ရာရရှိထားကြောင်း သိရသည်။

သေနတ်သမားမှာ တစ်ဦးတည်း ဖြစ်နိုင်ပြီး လက်ရှိတွင် အခြားသူ ပါဝင်သည့် သက်သေ မတွေ့ရသေးကြောင်း၊ တိုက်ခိုက်မှု၏ နောက်ကြောင်းနှင့် ရည်ရွယ်ချက်ကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း Andrae က ပြောသည်။

ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနီးဝန်းကျင်မှ ပြည်နယ်များနှင့် သြစတြီးယားနိုင်ငံမှ တပ်ဖွဲ့များ အပါအ ဝင် ရဲနှင့် အထူးတပ်ဖွဲ့ ၂၃၀၀ ဦးအား တပ်ဖြန့်ထားလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြို့အတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း များအား ရပ်တန့်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.