Connect with us

Europe

ရီယို အိုလံပစ် ကျေးရွာ တရားဝင် ဖွင့်လှစ်

အိုလံပစ် ကျေးရွာရှိ အဆောက်အဦများအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယို ဒီ ဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ရီယို အိုလံပစ် အားကစားပွဲများအတွက် အိုလံပစ် ကျေးရွာအား ဇူလိုင်လ ၂၄ ရက်က တရားဝင်ဖွင့်လှစ်လိုက်ပြီး အခန်းပေါင်း ၃,၆၀၀ ခန့် ပါဝင်ကာ ကမ္ဘာ့ တစ်ဝန်းက အားကစားသမားများနှင့် တာဝန်ရှိသူများအား ကြိုဆို လိုက်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ၏ အုပ်ချုပ်သူဖြစ်သော အသက် ၄၇ နှစ်အရွယ် ဘက်စကက်ဘော ကစားသမား ဂျနက် အာကိန်း (Janeth Arcain) ၊ ရီယို ဒီဂျနေရိုး မြို့တော်ဝန် Eduardo Paes နှင့် ကစားပွဲ ဖြစ်မြောက်ရေး ကော်မ တီ ဥက္ကဋ္ဌ ကာလို့စ် နက်ဇ်မန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်း ကျေးရွာတွင် အဆောက်အဦ ၃၁ ခုတွင် အခန်းပေါင်း ၃၆၀၄ ခန်း ပါဝင်ပြီး အိုလံပစ် ပွဲစဉ်များအတွက် အားကစားသမားနှင့် အသင်းတာဝန်ရှိသူ ၁၇,၀၀၀ ကျော်၊ မသန်စွမ်း အားကစားပွဲများအတွက် လူဦးရေ ၆,၀၀၀ တို့ နေထိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည် အားကစားသမားအချို့ အပါအဝင် နိုင်ငံခြား အားကစားသမားအချို့သည် ယင်း ကျေးရွာသို့ ပြောင်း ရွှေ့ပြီး ဖြစ်သည်ဟုဆိုသည်။ ထို ကျေးရွာ၌ ၂၄ နာရီပတ်လုံး ကစားနိုင်သည့် အားကစားခန်းမ၊ ဘာသာပေါင်းစုံ ဝတ်ပြုနိုင်သည့် စင်တာ၊ ပန်းရောင်းသူ၊ ကုန်မျိုးစုံဆိုင်များ၊ ဘဏ်၊ စာတိုက်၊ ဆံပင်ညှပ်ဆိုင်နှင့် အလှပြင်ဆိုင် များ၊ အားကစားပွဲ ကျင်းပစဉ် ကာလအတွင်း တစ်နေ့လျှင် အစားအသောက် ဟင်းလျာ ၆၀,၀၀၀ ကျော် ရောင်းချနိုင်သည့် စားသောက်ခန်းမကြီး တစ်ခုလည်း ပါဝင်ကြောင်း သိရသည်။
အိုလံပစ် အားကစားပွဲများအား သြဂုတ်လ ၅ ရက်မှ ၂၁ ရက်အထိ ဘရာဇီးနိုင်ငံ ရီယို ဒီဂျနေးရိုးတွင် ကျင်းပ မည် ဖြစ်ပြီး မသန်စွမ်း အားကစားပွဲစဉ်များကိုမူ စက်တင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.