Connect with us

Europe

ယူကရိန်းနိုင်ငံရှိ စာသင်ကျောင်းတွင် အစာအဆိပ်သင့်မှုကြောင့် ကလေးငယ် ၇၅ ဦး အော့အန်

ယူကရိန်းနိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိဗ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အလယ်ပိုင်း ချာကက်စီဒေသရှိ စာသင်ကျောင်း၌ မည်သည့်အကြောင်းအရာကြောင့် မသိရသေးဘဲ ကလေးငယ် ၇၅ ဦးထက်မနည်း အဆိပ်သင့်သည့် လက္ခဏာပြခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

အစာအဆိပ်သင့်သူများအနက် ၃၈ ဦးအား ဆေးကုသမှုခံယူရန် ဆေးရုံသု့ိ ပို့ဆောင်ခဲ့ပြီး ယင်းအနက် ၁၅ ဦးမှာ မစိုးရိမ်ရကြောင်း ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ကြေညာချက်အရ သိရသည်။

အခြား ကလေးများမှာ ပြင်ပလူနာဌာနတွင် ဆေးကုသမှုခံယူခဲ့ကြကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ စာသင်ကျောင်းတွင် အမည်မသိ ဓာတ်ငွေ့ပက်ဖျန်းခဲ့ကြောင်းနှင့် ၎င်းကြောင့် အကျိုးဆက်ဖြစ်ရပ်အား ဖယ်ရှားရန် အားထုတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.