Connect with us

Europe

Notre Dameဘုရားကျောင်းကို ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလို ကြောင်း ပြင်သစ်သမ္မတ ပြောကြား


ပဲရစ်၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်သည် Notre Dameဘုရားကျောင်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ဧပြီ ၁၆ ရက် ညပိုင်းက ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ ဘုရားကျောင်းအား ငါးနှစ်အတွင်း ပြန်လည်ပြုပြင်တည်ဆောက်သွားလိုသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ပဲရစ် Notre Dameဘုရားကျောင်းမီးလောင်မှုသည် ပြင်သစ်လူမျိုးများနှင့်ကမ္ဘာ့အတွက် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း သမ္မတ မိုက်ခရွန်က ဆိုသည်။ “မီးလောင်တဲ့ညက ပဲရစ်မှာ စည်းလုံးညီညွတ်မှုနှင့်အခက်အခဲကျော်လွှားနိုင်မှုတွေကို ကျွန်တော်တို့ မျက်မြင်တွေ့လိုက်ရတယ်”၊ “ပြင်သစ်သမိုင်းမှာ ကျွန်တော်တို့က မြို့၊ဆိပ်ကမ်းနဲ့ ဘုရားရှိခိုးကျောင်းဆောင် အဆောက်အအုံတွေကို တည်ဆောက်ခဲ့တယ်။ စစ်ကြောင့် ဒါမှမဟုတ် ထိန်းသိမ်းမှုအားနည်းထားကြောင့် အပျက်အစီးတွေရှိခဲ့ပေမဲ့လည်း ပျက်စီးဆုံးရှုံးမှုတိုင်းကို ကျွန်တော်တို့ ပြန်လည်တည်ဆောက်ခဲ့တာချည်းပါပဲ….ပြင်သစ်လူမျိုးတွေက တည်ဆောက်သူတွေဖြစ်တယ်၊ ကျွန်တော်တို့ Notre Dameဘုရားကျောင်းကြီးကို ပိုမိုလှပခမ်းနားအောင် ပြန်လည်တည်ဆောက်သွားမယ်” ဟု သမ္မတ မိုက်ခရွန်က ပြောကြားခဲ့သည်။

မီးလောင်ပျက်စီးသွားသည့် ပဲရစ် Notre Dameဘုရားကျောင်းအား တွေ့ရစဉ်(ဆင်ဟွာ)

မီးလောင်ပျက်စီးသွားသည့် ပဲရစ် Notre Dameဘုရားကျောင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဧပြီ ၁၅ ရက် ဒေသစံတော်ချိန် ၁၈ နာရီခန့်က ပဲရစ်မြို့ မြို့လယ်ခေါင်ရှိ Notre Dameဘုရားကျောင်း ကြီး ရုတ်တရက်မီးလောင်မှုဖြစ်ပွားရာ မီးသတ်သမား ၅၀၀ န့်က ဒါဇင်နှင့်ချီသော မီးသတ်ကားများ၊ မီးငြိမ်းသတ်ရေးပစ္စည်းများဖြင့် ငြိမ်းသတ်ခဲ့ရရာ ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အဆောက်အအုံခေါင်မိုးနှင့် အဆောက်အအုံထိပ်ပိုင်း ခေါင်ချွန်း လောင်ကျွမ်းပျက်စီးခဲ့သော်လည်း ပင်မအဆောက်အဦကို ကာကွယ်နိုင်ခဲ့ကြောင်းနှင့် ဘုရားကျောင်းအတွင်းရှိ အဓိက ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းဖြစ်သည့် ဆူးရစ်သရဖူနှင့် ဝတ်ရုံတော် စသည်တို့မှာ ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

ဘုရားကျောင်း၏ထိပ်ပိုင်း ခေါင်ချွန်းတွင်ထားရှိသည့် ကြေးသွန်းကြက်ဖရုပ်တုကို အပျက်အစီးများ ကြားတွင် ပြန်လည်ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ပြင်သစ် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။

Notre Dameဘုရားကျောင်းကြီး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် ပြန်လည်ပြုပြင်တည်ဆောက်ရန် နှိုးဆော်တိုက်တွန်းမှုများပြုလုပ်ခဲ့ရာ ပြင်သစ် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက တစ်တပ်တစ်အား ပါဝင်ကြရာ လက်ရှိတွင် ပြန်လည် ပြုပြင် တည်ဆောက်ရေးအတွက် လှူဒါန်းထားသည့် ရန်ပုံငွေ ယူရိုငွေ သန်း ၇၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.