Europe
ရီးယဲမက်ဒရစ် ကွင်းလယ်ကစားသမား လူးကက် စီလ်ဗာ မိခင်အသင်း Cruzeiro သို့ ပြန်လာမည်
ရီယို ဒီ ဂျနေးရိုး၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ရီးယဲမက်ဒရစ်က ၎င်း၏ ကွင်းလယ်ကစားသမား လူးကက်စ် စီလ်ဗာ (Lucas Silva) အား မိခင် အသင်းဖြစ်သော Cruzeiro သို့ ပြန်သွားရန် ရီးယဲက သဘောတူလိုက်ကြောင်း နှစ်ဘက် ကလပ်အသင်း နှစ်ခုလုံးက ဇန်နဝါရီလ ၃၁ ရက်က အတည်ပြု ပြောကြားလိုက်သည်။
အသက် ၂၃ နှစ်အရွယ် စီလ်ဗာသည် ဘရာဇီး ဘောလုံး ကလပ်အသင်း တစ်ခုဖြစ်သော ရီးယဲမက်ဒရစ်တွင် ၁၈ လကြာ ခြေစွမ်းပြ ကစားခဲ့သူ ဖြစ်သည်။ စီလ်ဗာသည် ရီးယဲသို့ ယူရို လစာ ၁၅ သန်းဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဇူလိုင်လက လစ္စဘွန်းသို့ ပြောင်းရွှေ့ရန်ရှိသော်လည်း ကျန်းမာရေး စစ်ဆေးရာတွင် နှလုံးတွင် ပြဿနာ တွေ့ရှိရသည့်အတွက် စာချုပ် ပျက်ပြယ်ခဲ့ကြောင်း သိရသည်။ စီလ်ဗာက မည်သည့် ကျန်းမာရေး ပြဿနာများ တွေ့ရှိသည်ဟူသော ကျန်းမာရေး စစ်ဆေးမှုများ လက်မခံနိုင်ကြောင်း ပြောကြားကာ ဘောလုံး ဆက်လက် ကစားသွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)