Connect with us

Europe

ဒေါ်နယ်ထရမ့်၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် က အီးယူ နိုင်ငံသား ခံယူထားသူများ အပေါ် သက်ရောက်မှုမရှိ

အီးယူ နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Mogherini အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အီးယူ နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Mogherini က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ်သည် အီးယူ နိုင်ငံများတွင် နိုင်ငံသား ခံယူထားသည့် နိုင်ငံသား လက်မှတ် နှစ်ခုရှိသူများအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့ က ပြောကြား ခဲ့သည်။

Mogherini က ဥရောပ လွှတ်တော်တွင် ကျင်းပ သည့် ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် နှင့် ပတ်သက်သည့် ဆွေးနွေးပွဲ ကို တက်ရောက်ရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အီးယူ နိုင်ငံသားများ အနေဖြင့် အမေရိကန် ပြည်ဝင်ခွင့် တားမြစ်ချက် ဥပဒေသစ် တွင် ၎င်းတို့မှ တားမြစ်သည့် နိုင်ငံများ စာရင်းတွင် ပါဝင်ခဲ့လျှင်လဲ သက်ရောက်မှု မရှိသည်ကို ဇန်နဝါရီ ၃၁ ရက်က ရှင်းလင်း ပြောကြား ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Mogherini က အမေရိကန် မှ ယခုလို ဆောင်ရွက်သည့် အတွက် ကြိုဆိုသော်လည်း အီးယူ အနေဖြင့် ယင်း ဥပဒေသစ် အပေါ် အလုံးစုံ သုံးသပ်မှု အတွက် ထည့်သွင်း စဉ်စားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Mogherini က မည်သည့် တစ်ဦးတစ်ယောက် မှ သူ/သူမ တို့၏ မွေးဖွားရာ ဇာတိ ၊ ယုံကြည်သည့် ဘာသာ နှင့် လူမျိုးစု အမျိုးအစားအပေါ်မူတည်ပြီး အခွင့်အရေးများကို ပယ်ဖျက်ခံရခြင်း မရှိသင့်ကြောင်း ၊ ဤသည် မှာလည်း အီးယူ နှင့် အမေရိကန် နိုင်ငံ တို့၏ အခြေခံဥပဒေ တွင် ပါဝင်ရေးဆွဲထားကြောင်း ၊ ၎င်းက ကျွနု်ပ် တို့ရဲ့ ရပ်တည်ချက် နှင့် အမည်နာမ ဖြစ်ပြီး နဂိုမူလ က အခြေခံစည်းမျဉ်းများကို မမေ့ပျောက်သင့်ကြောင်း ပြောကြား ခဲ့သည်။

အီးယူ အနေဖြင့် အပြည်ပြည်ဆိုင်ရာ အကာအကွယ် ပေးရမည့် သတ်မှတ်ချက်များ နှင့် ကိုက်ညီသောသူများ ကို ငြင်းပယ်တားမြစ်ခြင်းမျိုးပြုလုပ်မည် မဟုတ်ဘဲ ဤမူဝါဒ သည်လည်း အီးယူ မှ ခိုင်မြဲစွာရပ်တည်ခဲ့သည့် မူဝါဒ ဖြစ်ကြောင်း Mogherini က ပြောကြား ခဲ့သည်။

ထို ဆွေးနွေးပွဲတွင် ဂျာမနီ ၊ အီတလီ နှင့် ဘယ်လ်ဂျီယမ် စသည့် နိုင်ငံများမှ ဥရောပ လွှတ်တော် ကိုယ်စားလှယ် များက ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ် ကို ဝေဖန်ခဲ့ကြပြီး ယင်း ဥပဒေ သစ်သည် အနောက်တိုင်းဒီမိုကရေစီ ၏ အနှစ်သာရ တန်ဖိုးကို ဆန့်ကျင်ခဲ့ကြောင်း ဝေဖန် ပြောကြား ခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ဇန်နဝါရီ ၂၇ ရက်နေ့က ယင်း ဥပဒေ ပြဌာန်းချက် အသစ် ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုပြဌာန်းချက်အရ အမေရိကန် နိုင်ငံ သည် ရက်ပေါင်း ၁၂၀ အတွင်း ဒုက္ခသည်များ အားလုံး အမေရိကန် နိုင်ငံသို့ ဝင်ရောက်မှု ကို တားမြစ်မည် ဖြစ်ကြောင်း ၊ ရက်ပေါင်း ၉၀ အတွင်း အီရန် ၊ ဆူဒန် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆိုမာလီယာ ၊ ယီမင် နှင့် အီရတ် နိုင်ငံသားများ အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခြင်းကို တားမြစ်မည် ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များ အမေရိကန် သို့ဝင်ရောက်ခြင်းကို အကန့်အသတ် မရှိ တားမြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.