Europe
ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာန ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်
ပြုံယမ်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ကြောင်း Korean Central News Agency (KCNA) ကဖော်ပြခဲ့သည်။
KCNA သတင်းဋ္ဌာနက ရုရှားနိုင်ငံအမျိုးသားကာကွယ်ရေးကွပ်ကဲမှုစင်တာ ၏ ဒုတိယညွှန်ကြားရေးမှူး Victor Kalganocv ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာ ၁၂ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသို့ ရုရှားနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လာရောက်ပြီး ၂ပတ်အကြာတွင် ယင်းခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ က နိုဝင်ဘာ ၂၉ ရက် တွင် အသစ်တီထွင်ထုတ်လုပ်ထားသော တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြစ်တင်ရှုံ့ချမှုများ ထွက်ပေါ်လာကြောင်း သိရသည်။
ယင်းနေ့၌ပင် ရုရှားနိုင်ငံမှ သံတမန်တစ်ဦးက ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားပဋိပက္ခအား ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ကုလသမဂ္ဂ၌ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)