Connect with us

Europe

တူရကီ နှင့်ထိစပ်ရာ ဘူလ်ဂေးရီးယားနယ်စပ်တွင် ဘိန်းဖြူ ၂၅ကီလိုဂရမ် ဖမ်းဆီးရမိ

ဘူလ်ဂေးရီးယားနိုင်ငံတွင် ယခင်က ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ နှင့် ထိစပ်နေသည့် ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ရှိ လီဆိုဗိုစစ်ဆေးရေးဂိတ်တွင် ဘူလ်ဂေးရီးယားအကောက်ခွန်အရာရှိများ သည် ဘိန်းဖြူ ၂၅.၆၆၆ကီလိုဂရမ် ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

တူရကီနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်တင်ကားတစ်စီးအတွင်း၌ အထုပ် ၅၀ခွဲထုပ်ထားသော မူးယစ်ဆေးဝါးများကို ဒီဇင်ဘာ ၁၀ ရက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားအကောက်ခွန်ဋ္ဌာန (NCA) က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

အသက် ၄၀နှစ်အရွယ် တူရကီနိုင်ငံသား ကားမောင်းသူအား အခင်းဖြစ်ပွားရာ၌ပင် ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ဘူလ်ဂေးရီးယားနိုင်ငံသည် အာရှ မှ ဥရောပ သို့ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ အဓိက လမ်းကြောင်းတစ်ခု ဖြစ်ကြောင်း သိရသည်။ တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ NCA သည် ၂၀၁၆ခုနှစ်အတွင်း ဘိန်းဖြူ ၃၆၀ ကီလိုဂရမ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.