Connect with us

Europe

ပြင်သစ်တွင် ရထား နှင့် ကျောင်းကားတိုက်မိရာ လူ၄ဦးသေဆုံး၊ ၂၄ဦး ဒဏ်ရာရရှိ

ရထားနှင့်တိုက်မိ၍ ပျက်စီးသွားသော ကျောင်းကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံတောင်ပိုင်း တွင် ဒီဇင်ဘာ ၁၄ ရက်က ရထားတစ်စီး နှင့် ကျောင်းကားတစ်စီး တိုက်မိရာ အနည်းဆုံး ကျောင်းသား ၄ဦးသေဆုံးပြီး ကျောင်းသား ၂၁ဦးအပါအဝင် လူ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့် Pyrenees-Orientales စီရင်စု တာဝန်ရှိသူ Philippe Vignes က အပြင်းအထန်ဒဏ်ရာရရှိသူ ၂၄ဦး ရှိပြီး ၎င်းတို့အနက် ၂၁ဦးမှာ အလယ်တန်းကျောင်းသားများဖြစ်ကြောင်း ပြောကြားခဲ့သည်။

တောင်ပိုင်းမြို့တစ်မြို့ဖြစ်သည့် Millas မြို့ရှိ ရထားသံလမ်းတစ်ခုတွင် ၁၃နှစ် မှ ၁၇နှစ်အရွယ်ကျောင်းသားများကို တင်ဆောင်လာသည့် ကျောင်းကား၏ နောက်ဘက်ခြမ်းကို TER ရထားတစ်စီးက ဒေသစံတော်ချိန် ၁၆း၀၀နာရီတွင် ဝင်တိုက်မိခြင်းဖြစ်ကြောင်း BEMTV ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။

ရုပ်သံလိုင်း၏ပြောကြားချက်အရ ရထားသည် ကျောင်းကားကို ထက်ဝက်ပိုင်း၍ တိုက်မိသွားခြင်းဖြစ်ကြောင်း သိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်းက ယင်းဖြစ်စဉ်တွင် သေဆုံးသွားသူများ နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် ဝမ်းနည်းကြေကွဲရပါကြောင်း တွစ်တာ၌ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.