Connect with us

Europe

ရုရှားတိုက်လေယာဉ်က အမေရိကန် နှင့် နော်ဝေ နိုင်ငံများ၏  ကင်းထောက်လေယာဉ်များကို ကြားဖျက်ဟန့်တား 

ရုရှား နိုင်ငံ လေတပ် ၏ တိုက်လေယာဉ် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ အမျိုးသား ကာကွယ်ရေး ညွှန်ကြားမှု ဗဟို ဌာန ၏ ဇူလိုင် ၁၄ ရက် ထုတ်ပြန်ချက် အရ ရုရှား နိုင်ငံ တိုက်လေယာဉ်က ယင်းနေ့ တွင် Barents Sea နှင့် Black Sea ဝေဟင် အတွင်းဝင်ရောက်လာသည့် နော်ဝေ နှင့် အမေရိကန် နိုင်ငံများမှ ကင်းထောက် လေယာဉ်များကို တားဆီး ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ကြေညာချက်အရ ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် Barents Sea နှင့် Black Sea ရေပြင်တွင် ထောက်လှမ်းမှုဆောင်ရွက်နေစဉ် ရုရှား နိုင်ငံ နယ်နိမိတ်အတွင်း သို့ ချဉ်းကပ်လာသည့် ဝေဟင်မှ ပြစ်မှတ်ကို တွေ့ရှိခဲ့ကြောင်း ၊ ရုရှား နိုင်ငံ မြောက်ပိုင်း ရေယာဉ်စု နှင့် တောင်ပိုင်း လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ တို့ က ချက်ချင်းတုံ့ပြန်မှု ဆောင်ရွက်ခဲ့ပြီး ပြစ်မှတ် အား အတည်ပြုခြင်း နှင့် တားဆီးခြင်း ကို ဆောင်ရွက် ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ စစ်ဘက်ဆိုင်ရာ အနေဖြင့် Barents Sea ရေပြင် ဝေဟင် ၌ နော်ဝေလေတပ် ၏ P-3C ထောက်လှမ်းရေး လေယာဉ် တစ်စင်းကို တွေ့ရှိ ခဲ့ပြီး   Black Sea ရေပြင် ဝေဟင် တွင် အမေရိကန် စစ်တပ် ၏ P-8A ထောက်လှမ်းရေး လေယာဉ် ၊ RC-135 မဟာဗျူဟာမြောက် ထောက်လှမ်းရေး လေယာဉ် နှင့် MQ-9A မောင်းသူမဲ့ လေယာဉ် တို့ကို ရှာဖွေ ဖော်ထုတ် တွေ့ရှိ ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။ 

ထို့ပြင် ရုရှား နိုင်ငံ တိုက်လေယာဉ်က နိုင်ငံတကာ လေကြောင်း ဆိုင်ရာစည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာ၍  လုံခြုံသည့် အကွာအဝေးထိ ရောက်ရှိအောင် အဆိုပါ ဝင်ရောက်လာသော လေယာဉ်များနှင့်အတူ အနီးကပ်လိုက်ပါ ပျံသန်းသည့်ပုံစံဖြင့်  ရုရှား နိုင်ငံ နယ်နိမိတ်အတွင်းမဝင်ရောက်နိုင်အောင် ဟန့်တားခဲ့ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.