Connect with us

Europe

ရုရှား နိုင်ငံ စီးပွားရေး က ကပ်ရောဂါ ၏ တိုက်ခိုက်မှု ပြန်လည်စတင် ကောင်းမွန်လာကြောင်း သမ္မတ ပူတင် ပြောကြား

ရုရှား နိုင်ငံ သမ္မတ ပလာဒီမာ ပူတင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ စီးပွားရေး က COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွား ခဲ့သည့် ဆိုးရွားသော အခက်အခဲများ မှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ရုရှား နိုင်ငံ သမ္မတ ပလာဒီမာ ပူတင် က ဇူလိုင် ၁၆ ရက် ၌ ပြောကြား ခဲ့သည်။

ပူတင် က ရုရှား နိုင်ငံ အစိုးရ အနာဂတ် ၃ နှစ် ဘတ်ဂျက်လုပ်ငန်း အစည်းအဝေး တွင် အခက်အခဲ က လွန်စွာ ဆိုးရွား ခဲ့ပြီး သက်ရောက်မှုများကိုလည်း သိသာစွာ တွေ့ရှိနိုင်ကြောင်း ၊ သို့သော် အစိုးရ အနေဖြင့် စီးပွားရေး အား ကာကွယ်ရန် အတွက် ကာလတစ်လျှောက် မရှိခဲ့ဖူးသည့် ဆောင်ရွက်မှုများ ကို ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများ ရရှိနိုင်ခဲ့ကာ အခက်အခဲ ကို များစွာ လျှော့ချ နိုင်ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ တွင် ကပ်ရောဂါ နှင့် ပတ်သက်သော ကန့်သတ်ချက်များ တဖြည်းဖြည်း ဖြေလျှော့ လာသည် နှင့် အမျှ စီးပွားရေး မှာ လည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကြောင်း ၊ ဝယ်လိုအား နှင့် စွမ်းအင် အသုံးချမှု ကိန်းဂဏန်းများ သည်လည်း ကပ်ရောဂါ မဖြစ်ပွားခင် အခြေအနေ သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း ၊ သို့သော် ရုရှား နိုင်ငံ အလုပ်အကိုင် အခွင့်အလှမ်း နှင့် ပတ်သက်၍ အခက်အခဲများ နှင့် ဆက်လက်ရင်ဆိုင်နေရပြီး လက်ရှိချိန်တွင် လူပေါင်း ၃ သန်းခန့် အလုပ်လက်မဲ့ ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ တွင် ဇူလိုင် ၁၆ ရက် အခထိ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၇ သိန်း ၃ သောင်းကျော် အထိ ရောက်ရှိလာ ခဲ့ပြီး လူပေါင်း တစ်သောင်းကျော် သေဆုံး ခဲ့ကြောင်း ၊ ရုရှား နိုင်ငံ တွင် စားသောက်ဆိုင် ၊ Gym  နှင့် ပြည်တွင်း ခရီးသွားလာမှု စသည့် ကဏ္ဍ များ တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ကန့်သတ်ချက်များအား ဖြေလျှော့ပေးခဲ့ကြောင်း ၊ ကမ္ဘာ့ဘဏ် ၏ ဇူလိုင် ၆ ရက် ခန့်မှန်းချက် အရ COVID-19 ကပ်ရောဂါ နှင့် ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ၂၀၂၀ ခုနှစ် တွင် ရုရှား နိုင်ငံ ၏ စီးပွားရေး က ၆ ရာခိုင်နှုန်းကျဆင်းမည် ဖြစ်ပြီး ၂၀၂၁ မှ ၂၀၂၂ ခုနှစ် အတွင်း ပြန်လည် တိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)