Connect with us

Europe

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ရောက်ရှိ

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ဇူလိုင် ၆ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကီးယက်ဗ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

“ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ရထားကြီးသည် ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်(Kiev)သို့ ပထမဆုံး အကြိမ်အဖြစ်ရောက်ရှိလာရာ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ဇူလိုင် ၆ ရက်က Liski ဘူတာကြီးတွင် ကျင်းပခဲ့ပြုလုပ်ခဲ့ကြောင်း နှင့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖန်ရှန်းရုန်၊ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦတည်ဆောက်ရေးဝန်ကြီးဌာန ဝန်ကြီး Vladyslav Kryklii တို့ အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

၎င်းရထားတွဲသည် တရုတ်နိုင်ငံ အလယ်ပိုင်းဒေသမှ ယူကရိန်းသို့ တိုက်ရိုက်ပြေးဆွဲသည့် ပထမဆုံး တရုတ်-ဥရောပ ရထားကြီးဖြစ်သည်။  ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖန်ရှန်းရုန်က “ ‘ဝူဟန့်-ကီးယက်ဗ်’ တရုတ်-ဥရောပ ရထားလမ်းလည်ပတ်မှုဟာ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်ရေးဖြစ်တဲ့ ကုန်သွယ်ရေး ချောမွေ့မှုကဏ္ဍအတွက် ဥရောပမှာ တိုးတက်မှုအသစ်ရရှိခြင်းဖြစ်ပါတယ်။ နှစ်နိုင်ငံ ပူးပါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်စေသလို ယူကရိန်းရဲ့ ဥရောပ-အာရှ ကုန်ပစ္စည်းပို့ဆောင်ဆက်သွယ်ရေးအချက်အချာ အားသာချက်ကလည်း ပို၍ ပေါ်လွင်လာမှာဖြစ်ပါတယ်။ တရုတ်-ယူကရိန်း ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အဆင်ပြေ မြန်ဆန် လွယ်ကူလာမှာ ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူအတွက် အကျိုးများစွာဖြစ်ထွန်းစေမယ်”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။  ယူကရိန်းနိုင်ငံ အခြေခံအဆောက်အဦတည်ဆောက်ရေးဝန်ကြီးဌာန ဝန်ကြီး Vladyslav Krykliiက “ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ရထားပြေးဆွဲမှုသည် ယူကရိန်းနှင့်တရုတ် နှစ်နိုင်ငံအတွက် ပထမဆုံး အချိန်မှန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်နိုင်မှုရှိခြင်း၏ အမှတ်သင်္ကေတ တစ်ခုဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် အနောက်ဥရောပနှင့်တရုတ်နိုင်ငံအကြား ကုန်ပစ္စည်းလွှဲပြောင်းသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် နှစ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်ရေးပူးပေါင်းဆောင်ရွက်မှု ၊ ကုန်ပစ္စည်းတိုက်ရိုက် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် များစွာ အာရုံစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ဇူလိုင် ၆ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ဇူလိုင် ၆ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ဇူလိုင် ၆ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်မှ ယူကရိန်းသို့ တိုက်ရိုက် ပြေးဆွဲသည့် တရုတ်-ဥရောပ ရထားကြီး ယူကရိန်းမြို့တော် ကီးယက်ဗ်သို့ ဇူလိုင် ၆ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

 “ဝူဟန့်-ကီးယက်ဗ်” တရုတ်-ဥရောပ ရထားကြီးသည် ဇွန် ၁၆ ရက်က ဝူဟန့်မြို့မှ စတင်ထွက်ခွာလာခဲ့ရာ ဇူလိုင် ၅ ရက်တွင် ကီးယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါရထားကြီးသည် ဝူဟန့်နှင့်၎င်းအနီးပတ်ဝန်းကျင်ဒေသများမှ ထုတ်လုပ်သော ဓါတုကုန်ကြမ်းပစ္စည်း ၊လယ်ယာသုံးစက်ပစ္စည်း၊ အလူမီနီယံဘောင်၊ ကျောပိုးအိတ်စသော ပစ္စည်းများ ပါဝင်သည့် ကွန်တိန်နာ ၄၃ လုံးကို တင်ဆောင်လာခဲ့ကြောင်း သိရသည်။