Connect with us

Europe

ရုရှားတွင် တရားမဝင် သစ်ခုတ်ခြင်းကြောင့် အမေရိကန် ဒေါ်လာ သန်း ၂၀၀ နီးပါး ဆုံးရှုံးမှုရှိဟုဆို

ခုတ်လှဲထားသည့် သစ်ပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံတွင် တရားမဝင် သစ်ခုတ်ခြင်းကြောင့် အမေရိကန် ဒေါ်လာ ၁၉၇.၇ သန်း ဆုံးရှုံးလျက်ရှိကြောင်း ရုရှား ငွေစာရင်း အဖွဲ့ကြီးက ပြောကြားလိုက်ကြောင်း Izvestia သတင်းစာက ဇန်နဝါရီလ ၁၁ ရက်တွင် သတင်းဖော်ပြထားသည်။

တရားမဝင် သစ်လုံး ထက်ဝက်ခန့်သည် Siberian ဖက်ဒရယ် ခရိုင်မှ ဖြစ်ပြီး နိုင်ငံအတွင်းတွင် လွန်ခဲ့သည့် ငါးနှစ်ကထက် သစ် အရင်းအမြစ် ၂၃၁ သန်း ကုဗမီတာသို့ လျော့နည်းသွားခဲ့ကြောင်း သိရသည်။

အစိုးရ၏ ဘတ်ဂျက် မလုံလောက်ခြင်း၊ သစ်တော ကာကွယ်မှုများ အားနည်းခြင်း စသည့် အကြောင်းအချက်များသည် တရားမဝင် သစ်ခုတ်မှု များပြားရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ သစ်တော ၂၂ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ သစ် အရင်းအမြစ်များ၏ ၂၅ ရာခိုင်နှုန်းမှာ ရုရှားနိုင်ငံတွင် တည်ရှိသည်။ သို့သော် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ် မကျမှုနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်များက အစိုးရ၏ အကူအညီ ပျက်ကွက်မှုများကြောင့် တရားမဝင် သစ်ခုတ်ခြင်းများ များပြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.