Connect with us

Europe

ကမ္ဘာ့ဖလားတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အသင်း ၄၈ သင်းအထိ တိုးချဲ့ရန် စီစဉ်

ဖီဖာ ကမ္ဘာ့ ဖလားဆုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဇူးရစ်ချ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလားပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းအား ၄၈ သင်းအထိ တိုးချဲ့မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် ဖီဖာ ကောင်စီက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ကမ္ဘာ့ ဘောလုံး ကြီးကြပ်ရေး နှင့် ဗျူဟာအဖွဲ့က ဇူးရစ်ချ်မြို့၌ ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့များမှာ ပြုလုပ်ခဲ့သည့် တတိယအကြိမ်မြောက် အစည်းအဝေးတွင် အုပ်စု တစ်စုလျှင် ၃ သင်းစီ ပါဝင်သော အုပ်စု ၁၆ စု ဖွဲ့စည်းထားသည့် နိုင်ငံအသင်း ၄၈ သင်း ပါဝင် ကစားမည့် ပွဲစဉ် ပုံစံအသစ်အား ဖော်ဆောင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ အုပ်စု ပထမနှင့် ဒုတိယ အသင်းများက ၃၂ သင်းရှိသော ရှုံးထွက် အသင်းသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

အသင်း ၄၈ သင်း ပါဝင်သည့် ပုံစံသစ်တွင် နားရက်များနှင့် ဖိုင်နယ်ပွဲ မတိုင်မီ ပွဲစဉ် ၇ ပွဲ ကစားရခြင်းနှင့် ပွဲစဉ် ကြာချိန် ၃၂ ရက်ကိုလည်း ဆက်လက် ထားရှိမည် ဖြစ်ကြောင်း၊ ကလပ် အသင်းများအနေဖြင့် ၎င်းတို့၏ ကစားသမား စာရင်းများ ထုတ်ပြန်ရမည့်အချိန်ကိုလည်း ထပ်မံ တိုးချဲ့ပေးမည် မဟုတ်ကြောင်း စသည့် အချက်များ ပါဝင်သည်။

ကစားနည်း ညီမျှမှု၊ ယှဉ်ပြိုင်မှု စွမ်းရည်၊ ဘောလုံး တိုးတက်ရေးအပေါ် သက်ရောက်မှု၊ အခြေခံ အဆောက်အအုံနှင့် အစရှိသဖြင့် အချက် လေးချက်ပေါ် အခြေခံထားသည့် အစီရင်ခံစာပေါ် မူတည်၍ လေ့လာဆန်းစစ်ကာ အထက်ပါ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့အစည်းအလိုက် တာဝန်ခွဲဝေ ချထားပေးခြင်း အပါအဝင် ပြိုင်ပွဲ အခြား အသေးစိတ် အချက်အလက်များကို ဖီဖာကောင်စီက လာမည့် အစည်းအဝေးများအတွင်း ဆွေးနွေးသွားမည် ဖြစ်သည်။

၂၀၁၆ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခွင့်ရမည့် နိုင်ငံများကို ၂၀၂၀ ခုနှစ် မေလတွင် အပြီးသတ် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.