Connect with us

Europe

သြစတြေးလျ၏ သက်တမ်း အရှည်ကြာဆုံး စစ်ဆေးခဲ့ရသည့် လူသတ်မှုများထဲမှ တစ်ခုကို အဆုံးသတ်နိုင်ခဲ့

သေဆုံးသူများ၏ ဓာတ်ပုံများအား ကိုင်ဆောင်ထားသည့် Yang Fei Lin နှင့် Feng Qing Zhu နှင့် သမီး ဖြစ်သူ ကေသီလင်းတို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၀၉ ခုနှစ်က လင်း (Lin) မိသားစုဝင် ငါးဦးလုံးအား ၎င်းတို့၏ နေအိမ်၌ သတ်ခဲ့သည့်အတွက် အသက် ၅၃ နှစ်အရွယ် ရောဘတ်ရှီး (Robert Xie) အား အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သြစတြေးလျနိုင်ငံ၏ အရှည်ကြာဆုံး လူသတ်မှု စစ်ဆေးခြင်းများအနက် တစ်ခုအား ဇန်နဝါရီလ ၁၂ ရက်က အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၁၈ ရက်က North Epping ရှိ နေအိမ်တွင် ၎င်း၏ ဇနီး ကေသီလင်း၏ ဆွေမျိုးများအား မသတ်ခဲ့ကြောင်း ရှီးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ခုနှစ်နှစ်တာအတွင်း အမှု ကြားနာစစ်ဆေးခြင်း လေးကြိမ်ပြုလုပ်ခဲ့ပြီး South Wales တရားရုံးချုပ် ဂျူရီမှ ဆုံးဖြတ်ချက် ချပြီးနောက် ရှီးသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရကာ သြစတြေးလျ၏ သက်တမ်းရှည် လူသတ်မှု စစ်ဆေးခြင်းကို အဆုံးသတ်ခဲ့သည်။

ဖြစ်စဉ်တွင် ရှီးသည် ဇနီးသည် လင်း၏ ဆွေမျိုး မိသားစုများနှင့် ပတ်သက်၍ ဆိုးရွားစွာ မကျေမနပ် ဖြစ်ခဲ့ကြောင်း၊ ၎င်း၏ ဇနီးအား ညဦးပိုင်းကတည်းက အိပ်ဆေးတိုက်ခဲ့ကြောင်း၊ ထို့နောက် မီတာ ၃၀၀ ဝေးသည့် လင်း မိသားစု နေအိမ်သို့ တိတ်တဆိတ် သွားရောက်ခဲ့ကာ လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မင်းလင်း၊ အသက် ၄၄ နှစ်အရွယ် ယွန်လင်း၊ အသက် ၃၉ နှစ်အရွယ် ယွန်ဘင်လင်း၊ အသက် ၁၂ နှစ်အရွယ် ဟင်နရီလင်းနှင့် အသက် ၉ နှစ်အရွယ် တယ်ရီလင်းတို့အား ဝါးရင်းတုတ်ဖြင့် အသေရိုက်သတ်ခဲ့ကြောင်း တရားရုံး ဆုံးဖြတ်ချက်အရ သိရသည်။

အမှုစစ်ဆေးစဉ် တလျှောက်လုံးတွင် ရှီးက ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ပြန်လည်ချေပခဲ့သလို ၎င်း၏ ရှေ့နေများဘက်မှလည်း အမျိုးသား တစ်ဦးတစ်ယောက်တည်းအနေဖြင့် ယခုလို မှုခင်းမျိုး ကျူးလွန်ခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် အစိုးရ ရှေ့နေ၏ DNA နှင့် မျက်မြင် သက်သေများအား မေးခွန်းများ မေးမြန်းခဲ့သည်။

“လင်း မိသားစုကို ကျွန်တော် မသတ်ခဲ့ပါဘူး၊ ကျွန်တော့်မှာ အပြစ်မရှိဘူး” ဟု ရှီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.