Connect with us

Europe

ရုရှားနိုင်ငံတွင် အိမ်မီးလောင်မှုကြောင့် ၈ ဦး သေဆုံး

ရှရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည် အိမ်မီးလောင်မှု တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Tomsk ဒေသ ရှိ မြို့တစ်မြို့ တွင် သစ်သားအိမ်တစ်လုံး မီးလောင်ကျွမ်းမှုကြောင့် လူ ၈ ဦး သေဆုံး ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများ က ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် နေအိမ်ထဲ၌ အမျိုးသမီး သုံးဦး၊ အမျိုးသား နှစ်ဦး နှင့် ကလေး နှစ်ယောက်၏ အလောင်း များကိုတွေ့ရှိခဲ့ပြီး နောက်ထပ် ကလေးငယ်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း Tomsk ဒေသရှိ ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ ကပြောကြားခဲ့သည်။

ကော်မတီက မီးလောင်မှုသည် ဧပြီလ ၃ ရက်နေ့ ညတွင် စတင်လောင်ကျွှမ်းခဲ့ပြီး သေဆုံးသူ ၇ ဦး သည် မိသားစု ဆွေမျိုးများ ဖြစ်ပြီး ကျန် အမျိုးသားတစ်ဦးမှာ ဧည့်သည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခု ၌ ဖော်ပြခဲ့သည်။
မီးလောင်မှု ဖြစ်ပွားရခြင်းအကြောင်း ရင်းကို ဆက်လက် စုံစမ်းနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.