Connect with us

Europe

မြောက်ပင်လယ်တွင် ဓါတ်ငွေ့ ထုတ်လုပ်မှုအား Maersk ရပ်ဆိုင်းရန် ဆုံးဖြတ်

မြောက်ပင်လယ်ရှိ Tyra ဓါတ်ငွေ့ထုတ်လုပ်ရေး လုပ်ကွက်တစ်ခု၌ ဓါတ်ငွေ့ထုတ်လုပ်ရေး လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုပင်ဟေဂင်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

ဒိန်းမတ် ရေနံနှင့် သင်္ဘောကုမ္ပဏီကြီး တစ်ခု ဖြစ်သည့် Maersk သည် ရေနံဈေးများ ကျဆင်းလာသည့် အတွက် မြောက်ပင်လယ်တွင် ၎င်း၏ ဓါတ်ငွေ့ထုတ်လုပ်မှု လုပ်ငန်း အားလုံးနီးပါးကို နှစ်အနည်းငယ် အတွင်း ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ဧပြီလ ၄ ရက်တွင် ဖော်ပြခဲ့သည်။

ပြည်တွင်း သတင်းစာ The Copenhagen Post က ကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကား၍ ယခုနှစ်အတွင်း မြောက်ပင်လယ် ဓါတ်ငွေ့ ထုတ်လုပ်ရေး လုပ်ငန်းအတွက် ငွေကြေးဆိုင်ရာ ဖြေရှင်းချက် မရရှိပါက အဆိုပါ လုပ်ငန်းကို ၂၀၁၈ ခုနှစ် မတိုင်မီ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Maersk Oil Denmark ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ Martin Rune Pedersen က Danish Underground Consortium (DUC) မှ လုပ်ငန်းပါတနာများနှင့် အတူ ပူးပေါင်း၍ ကျန်ရှိနေသည့် အရင်းအမြစ်များ ပြန်လည် ထူထောင်နိုင်ရန် အတွက် ရေရှည် စီးပွားရေး အလားအလာရှိမည့် ဖြေရှင်းချက်များကို လေ့လာ ဆန်းစစ်လျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
၎င်းက ယင်းအကြောင်းအရာ ၏ တစ်စိတ် တစ်ပိုင်းအဖြစ် စက်ရုံ အဆောက်အဦများ ပြန်လည် တည်ဆောက် ခြင်းတို့ကိုလည်း ထည့်သွင်း စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစာ၏ ဖော်ပြချက်အရ မြောက်ပင်လယ်ရှိ Tyra အရှေ့နှင့် အနောက် လုပ်ကွက်များ၏ အခြေခံ အဆောက်အအုံများသည် ပြန်လည် တည်ဆောက်ရမည့် အဆောက်အအုံများ ဖြစ်ပြီး အဆိုပါ လုပ်ကွက် များတွင် ဓါတ်ငွေ့ ထုတ်လုပ်မှုများကို နှစ် ၃၀ ကျော်ကြာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DUC သည် Tyra လုပ်ကွက်များရှိ အခြေခံ အဆောက်အအုံများ အတွက် လွန်ခဲ့သည့် ၁၅ နှစ် ကတည်းက အမေရိကန် ဒေါ်လာ သန်း ၁၅၀ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။
Tyra လုပ်ကွက်သည် ဒိန်းမတ်နိုင်ငံ၏ အကြီးဆုံးသော ဓါတ်ငွေ့ထုတ်လုပ်ရေး လုပ်ကွက် ဖြစ်ပြီး ၎င်းသည် ဒိန်းမတ် နိုင်ငံ၏ ဓါတ်ငွေ့ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ် ပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.