Connect with us

Europe

ရုရှား အနောက်ပိုင်းတွင် ဟော်တယ်မီးလောင်မှုကြောင့် လူ ၆ဦးသေဆုံး

ရုရှားနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဟော်တယ်မီးလောင်မှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အနောက်ပိုင်း Perm ဒေသ ရှိ ဟော်တယ်တစ်ခု၌ ဖေဖော်ဝါရီ ၂၇ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေး ၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း ဒေသစုံစမ်းစစ်ဆေးရေးကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်၌ မီးလောင်မှုရလဒ်အဖြစ် အမျိုးသမီး တစ်ဦး၊ အမျိုးသား ၂ဦး နှင့် ကလေး၃ဦးအပါအဝင် လူ ၆ဦးသေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အား မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်လျက်ရှိကြောင်း ပါရှိသည်။

ကနဦး သတင်းရရှိချက်များအရ အကြမ်းဖက်မှုအသွင်ဆောင်သည့် လက္ခဏာများ မတွေ့ရကြောင်း သိရသည်။

မီးလောင်မှုအား အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး အတွေ့အကြုံနှင့် အရည်အသွေးပြည့်ဝသော မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ က အခင်းဖြစ်ပွားရာ၌ စစ်ဆေးမှုများ ဆောင်ရွက်နေကာ ယင်းဖြစ်ရပ်ဆိုး ဖြစ်ပွားရခြင်းအကြောင်းရင်း နှင့် အခြေအနေ အပါအဝင် ဖြစ်နိုင်ခြေရှိသည့် အခြေအနေအရပ်ရပ်ကိုဖော်ပြပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်၌ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.