Connect with us

Europe

ကနေဒါတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၉ဦး ဒဏ်ရာရရှိ

Coquihalla အဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗန်ကူဗာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဗြိတိန်ကိုလံဘီယာ (BC) ပြည်နယ် အဝေးပြေးလမ်းမတစ်ခုပေါ်ရှိ ရေခဲများဖုံးလွှမ်းနေသော လမ်းပိုင်းတစ်ခုတွင် မော်တော်ယာဉ် ၆စီး တိုက်မိခဲ့ရာ လူ ၂၉ဦး ကို ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း CTV သတင်းက ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖော်ပြခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၅ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ယင်းယာဉ်တိုက်မှုကြောင့် လူ ၁၀၀ကျော်ကို ယာယီအရေးပေါ်နားနေဆောင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။

ယာဉ်တိုက်မှုသည် ဖေဖော်ဝါရီ ၂၅ရက် ဒေသစံတော်ချိန် ည ၈နာရီခန့်တွင်ဖြစ်ပွားခဲ့ပြီး Coquihalla အဝေးပြေးလမ်းမ ၏ လမ်းနှစ်ဖက်လုံးကို တစ်စိတ်တစ်ပိုင်းပိတ်ထားခဲ့ကာ မြောက်ဘက်သို့ ဦးတည်နေသော လမ်းမများကို ဖေဖော်ဝါရီ ၂၆ရက် နံနက် ၂နာရီမတိုင်ခင် ပြန်ဖွင့်ပေးခဲ့ကြောင်းသိရသည်။

ဗြိတိန်ကိုလံဘီယာ အရေးပေါ်ကျန်းမာရေးဋ္ဌာနက အခင်းဖြစ်ပွားရာသို့ မြေပြင်နှင့် ဝေဟင် လူနာတင်ယာဉ် ၂၂စီးကို စေလွှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.