Connect with us

Europe

ရုရှားတွင် ရဲတပ်ဖွဲ့ဝင်အား သတ်ခဲ့သူ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်

အခင်းဖြစ်ပွားရာ၌ လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာဇန်မြို့ တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုဖြစ်စဉ်တစ်ခု၌ အထူးရဲအရာရှိတစ်ဦး အား သတ်ခဲ့သည်ဟု သံသယရှိသော အမျိုးသားတစ်ဦးသည် ၎င်းအား ဖမ်းဆီးထိန်းသိမ်းရန် ရဲတပ်ဖွဲ့က ဆောင်ရွက်စဉ် သေကြောင်းကြံစည်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး တရားခံ သည် ၎င်း၏ ဇနီးဖြစ်သူ နှင့် ဇနီးဖြစ်သူ၏ အကို တို့နှင့် အိမ်တွင်းပဋိပက္ခဖြစ်ပွားရာမှ ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကနဦး သတင်းရရှိချက်များအရ တရားခံသည် အရက်သေစာသောက်သုံးထားကြောင်း သိရသည်။

၃၇နှစ်အရွယ် တရားခံအား အစောပိုင်းတွင် စိတ်ကစဉ့်ကလျားဖြစ်မှုဖြင့် ၁၀ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွတ်မြောက်လာချိန်တွင် ၎င်း၏ ဇနီးဖြစ်သူ နှင့် ဇနီးဖြစ်သူ၏ အကို အား သေနတ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ဦး အပါအဝင် လူ၃ဦး ဒဏ်ရရာရရှိခဲ့ပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှာ အရေးပေါ်လူနာတင်ကားပေါ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.