Europe
ရုရှား အရပ်ဖက် ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက် မသိရှိရသေး

မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Altai ပြည်နယ်ရှိ Teletskoye ရေအိုင်ပေါ်တွင် ဖေဖော်ဝါရီ ၁၂ ရက် ညက ရုရှားအရပ်ဖက်ရဟတ်ယာဉ် တစ်စီး ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အရေးပေါ်ဝန်ဆောင်မှုများ၏ ပြောကြားချက်ကို ကိုးကား၍ RIA Novosti သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
ဒလက် ၂လက်ပါ Robinson R66 အမျိုးအစား ဘက်စုံသုံးအပေါ့စား ရဟတ်ယာဉ်ပေါ်၌ လူ ၅ဦး လိုက်ပါလာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရဟတ်ယာဉ်ပျက်ကျမှုသည် လေယာဉ်မှူး၏ ချို့ယွင်းချက် (သို့) ရေအိုင်ပေါ်တွင် လေပြင်းများ တိုက်ခတ်မှုကြောင့် ဖြစ်နိုင်ကြောင်း RIA Novosti သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။Teletskoye ရေအိုင်သည် ရုရှားနိုင်ငံ ရှိ ကမ္ဘာလှည့် ခရီးသွားများ အများဆုံးလာရောက်ရာ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
ရေငုပ်သမားများအပါအဝင် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာကြသော်လည်း ရာသီဥတုဆိုးရွားမှုှကြောင့် ဖေဖော်ဝါရီ ၁၃ရက် အရုဏ်တက်အချိန်မတိုင်ခင်အထိ လုပ်ငန်းများဆောင်ရွက်နိုင်အုံးမည်မဟုတ်ကြောင်း သိရသည်။
ပြည်တွင်းပို့ဆောင်ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့က အဆိုပါ ဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)