Connect with us

Europe

HIV ရောဂါပိုးရှိမှန်းသိရက်ဖြင့် အခြားသူများအား ကူးစက်စေမှုဖြင့် ချက်နိုင်ငံသား တစ်ဦး တရားစွဲဆိုခံရ

HIV ရောဂါပိုး ကူးစက်မှု ရပ်တန့်ရန် နှိုးဆော်သည့် ပုံတစ်ပုံအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ချက်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ချက်နိုင်ငံ ဘာနိုမြို့ရှိ ဇလင်းဒေသတရားရုံး တွင် ဖေဖော်ဝါရီ ၁၃ရက်က HIV ရောဂါပိုးရှိမှန်း သိသော်လည်း အနည်းဆုံး အမျိုးသားနှစ်ဦးထံ ရောဂါပိုး ပြန့်ပွားစေမှုဖြင့် စွဲချက်တင်ခံထားရသည့် ချက်နိုင်ငံသားတစ်ဦး၏ အမှုအား ကြားနာနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၂နှစ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှု၌ တရားခံသည် ၎င်း၌ HIV ရောဂါပိုးရှိနေသည်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ လူနှစ်ဦးအား ရောဂါပိုး ကူးစက်စေမှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

တရားခံက အပြစ်ကျူးလွန်ကြောင်း ဝန်ခံရန် ငြင်းဆန်ခဲ့သော်လည်း ၎င်းသည် ၂၀၀၅ခုနှစ်ကတည်းက HIV ရောဂါပိုးရှိနေခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးမှ တရားသူကြီး က ယင်းကဲ့သို့ ရောဂါပိုးကူးစက်စေမှုသည် လူသားများ အပေါ် လွန်စွာ အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ချက်နိုင်ငံတွင် ထိုပြစ်မှုမျိုးအား တင်းကျပ်စွာ စစ်ဆေးမှုများပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

နောက်တစ်ကြိမ် ရုံးချိန်း နှင့် နောက်ဆုံးအကြိမ် တရားစီရင်ချက်ချမည့် နေ့ရက်များအား ဆုံးဖြတ်ခြင်းမပြုရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.