Connect with us

Europe

ရွှေ့ပြောင်းနေထိုင်သူများ သင်္ဘောပြန်ပေးဆွဲ၍ မော်လ်တာနိုင်ငံသို့ မောင်းနှင်သွား

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က မော်လ်တာနိုင်ငံအနီးပင်လယ်ပြင်တွင် ကယ်ဆယ်ထားသည့် ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ)

ဗယ်လက်တာ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ရွှေ့ပြောင်းနေထိုင်သူများက မတ် ၂၇ ရက်တွင် သင်္ဘောတစ်စီးကို ပြန်ပေးဆွဲ၍ မော်လ်တာနိုင်ငံ သို့ ဦးတည်မောင်းနှင်လာကြောင်း မော်လ်တာနိုင်ငံ လက်ကိုင်တပ်ဖွဲ့က ယင်းနေ့တွင်ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် လစ်ဗျားပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၀၈ ဦးကို ကယ်ဆယ်ခဲ့ပြီး ၎င်းတို့အား ပြန်လည်ပို့ဆောင်ရန်လုပ်ဆောင်နေရာ လစ်ဗျားပင်လယ်ကမ်းခြေ ၁၀ ကီလိုမီတာ အကွာခန့်တွင် ရွှေ့ပြောင်းနေထိုင်သူများက ၎င်း သင်္ဘောကို ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

မော်လ်တာနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် အဆိုပါသင်္ဘောကို လစ်ဗျားကမ်းခြေစောင့်တပ်ဖွဲ့က လိုက်လံခြေရာခံလျက်ရှိရာ မော်လ်တာနိုင်ငံအနေဖြင့်လည်း ယင်းသင်္ဘောအား ၎င်း၏ပိုင်နက်အတွင်း ဝင်ရောက်လာမှုကို ခွင့်ပြုမည်မဟုတ်ဟု မော်လ်တာ လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့သည်။

အီတလီကလည်း ယင်းသင်္ဘောဆိုက်ကပ်နိုင်မည့်ဆိပ်ကမ်းများကို ပိတ်ဆို့ထားကြောင်း အီတလီနိုင်ငံ ပြည်ထဲရေးဝန်ကြီး Matteo Salviniက ပြောကြားခဲ့သည်။

အဆိုပါ ပြန်ပေးဆွဲခံရသော သင်္ဘောမှာ တူရကီမှ စတင်မောင်းနှင်လာခြင်းဖြစ်ကြောင်း ၊ သင်္ဘောသားများမှာ တူရကီလူမျိုးများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၏အခြေအနေကို အသေးစိတ်မသိရသေးကြောင်း သိရသည်။ (Xinhua)