Connect with us

Europe

ယူကရိန်းသမ္မတ ရွေးကောက်ပွဲ အတွက် ပြည်ပရောက် ယူကရိန်းနိုင်ငံသား ၄၁၀,၀၀၀ ကျော် ဆန္ဒမဲပေးသွားမည်

ယူကရိန်းနိုင်ငံတွင် ၂၀၁၄ခုနှစ် မေ ၁၁ရက်တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ၌ မတ် ၃၁ ရက် တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ တွင် ပြည်ပရောက်ယူကရိန်းနိုင်ငံသား ၄၁၀,၀၀၀ ကျော် ပါဝင် ဆန္ဒမဲပေးမည်ဖြစ်ကြောင်း Interfax-Ukraine သတင်းဌာနက အကြီးတန်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဝန်ကြီးဌာန၏ ကောင်စစ်ဝန်ဌာန ညွှန်ကြားရေးမှူး Serhii Pohoreltsev က များစွာသော ယူကရိန်းနိုင်ငံသားများသည် အီတလီ၊ ပိုလန်၊ ချက် နှင့် စပိန်နိုင်ငံတို့ရှိ မဲရုံများတွင် မဲပေးမည်ဟု မျှော်လင့်ရကြောင့် ကိဗ်မြို့တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ဗဟိုရွေးကောက်ပွဲကော်မရှင် က သမ္မတရွေးကောက်ပွဲအတွက် ပြည်ပနိုင်ငံများ၌ မဲရုံ စုစုပေါင်း ၁၀၁ ရုံထားရှိထားကြောင်းပြောကြားခဲ့သည်။

များစွာသော ဆန္ဒမဲဆိုင်ရာ ထင်မြင်ချက်များအရ လက်ရှိ သမ္မတ Petro Poroshenko၊ အတိုက်အခံ နိုင်ငံရေးသမား Yulia Tymoshenko နှင့် သရုပ်ဆောင် Volodymyr Zelensky တို့သည် သမ္မတ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သူ ၃၉ဦးအကြား သမ္မတအဖြစ် ရွေးကောက်ခံရနိုင်ခြေများသူများအဖြစ် ရေပန်းစားလျက်ရှိကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၉.၈သန်း ခန့်ရှိကြောင်း သိရသည်။ (Xinhua)