Connect with us

Europe

လန်ဒန်မြို့လယ် တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

လန်ဒန်မြို့လယ်ရှိ Russell Square က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နေရာဝန်းကျင်၌ ရဲတပ်ဖွဲ့က လုံခြုံရေး ယူထားစဉ် (ဓာတ်ပုံ- အင်တာနက်)

လန်ဒန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

လန်ဒန် မြို့လယ်၌ ဓားကိုင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး လူ ၅ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရခြင်း အကြောင်းအား ရဲများက စုံစမ်းရှာဖွေလျက်ရှိကြောင်း တာဝန် ရှိသူများက သြဂုတ်လ ၃ ရက်က ပြောကြားခဲ့သည်။

လန်ဒန်မြို့လယ်ရှိ Russell Square တွင် ဒေသစံတော်ချိန် ည ၁၀း၃၀ နာရီအချိန်၌ အမျိုးသား တစ်ဦးသည် ဓားတစ်လက် ကိုင်ဆောင်ကာ တိုက်ခိုက်နေကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိခဲ့သည်။
ရဲ အရာရှိများက အခင်း ဖြစ်ပွားရာသို့ ရောက်ရှိချိန်၌ လူ ၆ ဦး ဒဏ်ရာရရှိနေခြင်းအား တွေ့ရှိရကြောင်း၊ ယင်း အနက် အမျိုးသမီး တစ်ဦးသည် အခင်း ဖြစ်ပွားရာ နေရာ၌ ကုသပေးနေစဉ်မှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဓားကိုင် တိုက်ခိုက်သူအား ဖမ်းဆီးမိခဲ့ကြောင်းနှင့် ယခု တိုက်ခိုက်မှုအား တစ်ဦးတည်းက ပြုလုပ်ခြင်း ဖြစ် ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။
အကြမ်းဖက် တိုက်ခိုက်မှု သတိပေးချက်များ အရှိန်မြှင့်လုပ်ဆောင်ရန် လက်နက်ကိုင် လှည့်ကင်း အရေအတွက် တိုးမြှင့် ချထားရေးကို လန်ဒန် ရဲတပ်ဖွဲ့က ကြေညာလိုက်သည့်နေ့တွင် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြင်သစ်နှင့် ဂျာမနီ နိုင်ငံတို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လန်ဒန်မြို့တွင် ယခုလို တိုက် ခိုက်မှုမျိုး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.