Connect with us

Europe

ရီယို အိုလံပစ် ဖွင့်ပွဲ အခမ်းအနားတွင် ကုလသမဂ္ဂ အကြီးအကဲ ပါဝင်မည်

အိုလံပစ် မီးရှူးတိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော ရီယို ဒီ ဂျနေးရိုးတွင် ကျင်းပမည့် ၂၀၁၆ အိုလံပစ် ဖွင့်ပွဲ အခမ်း အနား၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက သြဂုတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

အိုလံပစ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားအား သြဂုတ်လ ၅ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။ အိုလံပစ် မီးရှူးတိုင်အား လက်ဆင့်ကမ်း သယ်ဆောင်ရာတွင် ဘန်ကီမွန်းက ပါဝင်မည် ဖြစ်သလို ရီယိုတွင် ရှိနေစဉ်အတွင်း ဒုက္ခသည် များ ပါဝင်သည့် အိုလံပစ် အားကစားအဖွဲ့နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ရီယို အိုလံပစ် ပွဲစဉ်များအား သြဂုတ်လ ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး မသန်စွမ်း အားကစားကိုမူ စက်တင်ဘာလ ၇ ရက်မှ ၁၈ ရက်အထိ ကျင်းပမည် ဖြစ်သည်။
၂၀၁၆ ခုနှစ် အိုလံပစ် နွေရာသီ အိုလံပစ် ပြိုင်ပွဲများ၌ အာကစား ၁၀,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ် သည်။ ယခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည် အားကစားသမားအဖွဲ့ကလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.