Connect with us

Europe

ရုရှားသမ္မတ သည် တူရကီသမ္မတ နှင့် ဂျပန်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

တူရကီသမ္မတ Recep Tayyip Erdogan(ဘယ်) နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်(ညာ) တို့ ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် တူရကီ၌ ပြုလုပ်ခဲ့သည့် G20 အစည်းအဝေးပွဲ၌ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (Shinzo Abe) တို့အား သြဂုတ်လ နှင့် စက်တင်ဘာလ အစောပိုင်း၌ အသီးသီး တွေ့ဆုံသွားမည် ဖြစ်ကြောင်း ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၄ ရက်တွင်ပြောကြားခဲ့သည်။

ပူတင် နှင့် Erdogan တို့သည် သြဂုတ် ၉ ရက်တွင် ရုရှားနိုင်ငံ စိန့်ပီတာစ်ဘတ်မြို့၌ နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တည်ဆောက်သွားရန် အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များအားပြောကြားခဲ့သည်။
Peskov က ရုရှားနှင့် တူရကီ နှစ်နိုင်ငံ ဆက်ဆံရေးအား မည်သည့်ပုံစံမျိုးဖြင့် အမြန်ဆုံး ပြန်လည် တည်ဆောက်သွားရန် အတွက် နှစ်ဘက် အမြင်ချင်း ဖလှယ်ကာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တူရကီနိုင်ငံ သမ္မတ Erdogan သည် ၂၀၁၅ခုနှစ် နိုဝင်ဘာလ က ရုရှား ဂျက်လေယာဉ်တစ်စီးအား ပစ်ချခဲ့မှု အပေါ် ရုရှားနိုင်ငံသမ္မတပူတင် ထံသို့ တောင်းပန်စာ ရေးသားပေးပို့ပြီး ဇွန်လနှောင်းပိုင်းတွင် ၇လကြာ နှစ်နိုင်ငံတင်းမာမှုများ ပြီးဆုံးခဲ့ကြောင်းသိရသည်။ ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရေး ပြန်လည်တည်ဆောက်ရေး အတွက် ရုရှားနိုင်ငံ၏ အခြေအနေများကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ပူတင်သည် စက်တင်ဘာလ ၂ ရက်နှင့် ၃ရက်နေ့များတွင် ရုရှားနိုင်ငံ Valdivostok မြို့၌ ကျင်းပမည့် အရှေ့စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဖိုရမ်ပြင်ပ၌ ဂျပန်ဝန်ကြီးချုပ်အာဘေး နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟေး တို့အားတွေ့ဆုံသွားမည်ဖြစ်ကြောင်း Peskov က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.