Connect with us

Europe

ဝေလငါးတစ်ကောင်၏ အစာအိမ်ထဲတွင် ပလတ်စတစ်အိတ် ၃၀ တွေ့ရှိ

ပလတ်စတစ်အိတ်များ ကြောင့် သေဆုံးသွားသည့် ဝေလငါးအား ခွဲစိတ်နေစဉ် (ဆင်ဟွာ)

နော်ဝေ၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

နော်ဝေသိပ္ပံပညာရှင်များသည် နေမကောင်းဖြစ်နေသော ဝေလငါးတစ်ကောင်၏ အစာအိမ်အတွင်း၌ ပလတ်စတစ် အိတ် ၃၀ ကို တွေ့ရှိခဲ့ကြောင်း Aftenposten သတင်းစာက ဖေဖော်ဝါရီ ၃ ရက် တွင်ဖော်ပြခဲ့သည်။

အဆိုပါ ဝေလငါးသည် နော်ဝေနိုင်ငံ အနောက်ပိုင်း ဆိုထရာကျွန်းရှိ ရေတိမ်ပိုင်းတွင် အကြိမ်ပေါင်းများစွာ သောင်လာတင်နေ၍ ၎င်းအား လွန်ခဲ့သည့် အပတ်က ညင်သာစွာ ဇီဝိန်ချုပ်ပေးခဲ့ရကြောင်း ဖော်ပြထားသည်။

ဘာဂန်တက္ကသိုလ် သတ္တဗေဒပညာရှင် နှင့် တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သည့် Terje Lislevand က “အစာအိမ်တစ်ခုလုံး ပလတ်စတစ်တွေနဲ့ပြည့်နေတာပါ။ အစာအိမ်ထဲမှာ ပလတ်စတစ်အိတ် ၃၀ အပါအဝင် အခြား ပလတ်စတစ်ပစ္စည်းတွေလည်းရှိနေတယ်။ ဒီဖြစ်ရပ်ဟာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

၎င်းက ယခုတွေ့ရှိမှုသည် အံ့သြစရာတစ်ခုမဟုတ်ပေမယ့် အလားတူဖြစ်ရပ်များအနက် ပလတ်စတစ်ပမာဏ အများဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစာ၏ဖော်ပြချက်အရ ၂၀၁၉ခုနှစ် နွေရာသီတွင် ပြန်လည်ဖွင့်လှစ်မည့် ဘာဂန်တက္ကသိုလ်၏ ပြတိုက်ရှိ သဘာဝသမိုင်းကဏ္ဍတွင် ပြခန်းသစ်တစ်ခုအဖြစ် ဝေလငါး၏ အရိုးစု နှင့် ပလတ်စတစ်များကို ပြသသွားရန် စီစဉ်ထားကြောင်းသိရသည်။

ရေထုညစ်ညမ်းလာမှုသည် ကြီးထွားလာသော ပြဿနာတစ်ရပ်ဖြစ်လာပြီး နှစ်စဉ် သမုဒ္ဒရာရေပြင်ထဲသို့ ရောက်ရှိလာသည့် စွန့်ပစ်ပလတ်စတစ်အလေးချိန်သည် တန် ၈သန်းကျော်ရှိကြောင်း ကုလသမဂ္ဂ၏ သဘာဝပတ်ဝန်းကျင်အစီအစဉ်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.