Connect with us

Europe

အီးယူ နိုင်ငံ ၆ နိုင်ငံ ပူးပေါင်းကာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများ ပြုလုပ်

အီးယူ ရဲတပ်ဖွဲ့ မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

အီးယူ နိုင်ငံများအတွင်း မှ ၆ နိုင်ငံ သည် ပူးပေါင်းကာ တရားမဝင် နိုင်ငံကူးခြင်း ပြဿနာ ကို ဖြေရှင်းရန်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှု များကို စတင် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့က အီးယူ ရဲတပ်ဖွဲ့ မှ ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် သြစတြီးယား ၊ ဘူလ်ဂေးရီးယား ၊ ခရိုအေးရှား ၊ ဂျာမနီ ၊ ဟန်ဂေရီ နှင့် ရိုမေးနီးယား စသည့် ၆ နိုင်ငံ မှ ရဲတပ်ဖွဲ့တို့သည် အီးယူ ရဲတပ်ဖွဲ့၏ ကူညီဆောင်ရွက်မှု အောက်တွင် အတူတကွ ပူးပေါင်းကာ လူကုန်ကူးမှု ဆောင်ရွက်သည့် ဒုစရိုက် အဖွဲ့အစည်း ကွန်ယက်ကို ရှင်းလင်းရန် အတွက် လုပ်ငန်းဆောင်ရွက်များကို ဖေဖော်ဝါရီ ၁ ရက်က စတင်လုပ်ဆောင် ခဲ့ကြောင်း ပါဝင်ခဲ့သည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှု အတွင်း ဟန်ဂေရီ ရဲတပ်ဖွဲ့ မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ များ၏ နေရာ ၃ နေရာ ကို သွားရောက် စစ်ဆေး ခဲ့ကြပြီး လူကုန်ကူးမှု ဆောင်ရွက်သည်ဟု သံသယ ရှိသူ ၂ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ၊ ရိုမေးနီးယား ရဲတပ်ဖွဲ့ က ဆောင်ရွက်မှု အတွင်း ပြစ်မှုကျူးလွန်သည် ဟု သံသယ ရှိသူ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး သြစတြီးယား ရဲတပ်ဖွဲ့ မှ ဆောင်ရွက်မှု အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅၈ ဦးကို တွေ့ရှိခဲ့သည့်အပြင် ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူ တစ်ဦးကိုလည်း ဖမ်းဆီး ခဲ့ကြောင်း ၊ ဂျာမနီ ရဲတပ်ဖွဲ့ အနေဖြင့်လည်း ဆောင်ရွက်မှု အတွင်း ပြစ်မှုကျူးလွန်ကြောင်း သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အီးယူ ရဲတပ်ဖွဲ့ က ပြီးခဲ့သည့်နှစ်တွင် ဘောလ်ကန် ဒေသ အနောက်ပိုင်းတွင် ရှိသည့် နိုင်ငံများသည် နယ်စပ်များကို ဖြတ်ကျော်ရန် ပိတ်ပင်ခဲ့သော်လည်း လက်ရှိချိန်ထိ ထိုဒေသများတွင် တရားမဝင်ရွေ့ပြောင်းသူ အများအပြား ရှိနေဆဲ ဖြစ်ပြီး လူကုန်ကူးမှု ဆောင်ရွက်သည့် ဒုစရိုက် အဖွဲ့အစည်း များမှ တစ်ဆင့် ရွှေ့ပြောင်းရန် စောင့်ဆိုင်းနေကြဆဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)