Connect with us

Europe

သြစတြေးလျတွင် ဟောလီးဝုဒ် နာမည်ကျော်ရုပ်ရှင် ရိုက်ကွင်းအနီး အမျိုးသား တစ်ဦး သေဆုံး

အမျိုးသား တစ်ဦး သေနတ်ပစ်သတ်ခံရသည့် နေရာအား ရဲတပ်ဖွဲ့များက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဘရစ်ဘိန်းမြို့ရှိ ဟောလီးဝုဒ် နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတစ်ခု ဖြစ်သော Pacific Rim ရုပ်ရှင် ဇာတ်ကား ရိုက်ကူးခဲ့ရာ နေရာအနီးတွင် ဇန်နဝါရီလ ၂၃ ရက် ဒေသစံတော်ချိန် နေ့လည် ၂း၀၀ နာရီက အသက် ၂၀ နှစ်အရွယ် အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ ဂီတ ဗီဒီယို တစ်ခု ရိုက်ကူးနေစဉ်တွင် ရင်ဘတ်အား သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

ယင်း ဖြစ်ရပ်မှာ လုပ်ငန်းခွင် မတော်တဆမှု တစ်ခု ဖြစ်ကြောင်း Brooklyn Standard ၌ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး အဆိုပါ နေရာ Eagle Lane နယ်မြေအား ရုပ်ရှင်ရိုက်ကူးရေးအတွက် လွန်ခဲ့သော နှစ်ပတ်ခန့်က ပိတ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသားမှာ ဂီတ ဗီဒီယိုတွင် ပါဝင်နေသော မင်းသား တစ်ဦး ဖြစ်မည်ဟု ယုံကြည်ရကြောင်း မည်သည့်အဖွ့ဲ၏ အဖွဲ့ဝင် ဖြစ်သည်ဆိုသည်ကိုမူ မသိရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

စွပ်စွဲထားသည့် ဂီတအဖွဲ့ သို့မဟုတ် ပစ်ခတ်မှုနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာများကိုမူ ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.