Connect with us

Europe

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကား တိုက်မှုကြောင့် လူ ၃ ဦး သေဆုံး၊ လမ်းသွားလမ်းလာ အများအပြား ဒဏ်ရာရ

မဲလ်ဘုန်းမြို့ ကားတိုက်မှုတွင် ဒဏ်ရာရရှိသူနှင့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း၊ ဆစ်ဒနီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဗဟို စီးပွားရေး အချက်အချာနေရာတွင် လမ်းသွားလမ်းလာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ကားနှင့် ဝင်တိုက်ခဲ့ပြီး လူ ၃ ဦး သေဆုံးကာ လူ ၂၀ ဦးကျော် အပြင်းအထန် ဒဏ်ရာရရှိစေခဲ့သည့် အတွက် အမျိုးသား တစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ဒေသစံတော်ချိန် ညနေ ၂း၀၀ နာရီ အချိန်၌ မဲလ်ဘုန်းမြို့၏ ဗဟို စီးပွားရေး အချက်အချာ နေရာ ဖြစ်သော နာမည်ကျော် Bourke ဈေးဝယ်စင်တာအနီး Bourke လမ်းနှင့် Elizabeth လမ်း ဝန်းကျင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာ သတင်းထောက်က သတင်းတင်ပြထားသည်။

ယင်းဖြစ်ရပ်တွင် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ဖြစ်ရပ်ပြီးနောက် အမျိုးသား တစ်ဦးကို ဖမ်းဆီးထားကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်၌ အတည်ပြု ပြောကြားထားသည်။

မဲလ်ဘုန်းမြို့ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ခဲ့ကြကြောင်းနှင့် ယင်း ဖြစ်ရပ်သည် အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်စပ်မှု မရှိကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ပြောကြားလိုက်သည်။

ဈေးဝယ် စင်တာနားက ကားတိုက်တဲ့ အသံကို ကြားရကြောင်း၊ နီညိုရောင် ဆီဒင်ကား တစ်စီးက Flinders လမ်းဘေးက လူသွားလမ်းပေါ် မောင်းနှင်လာကြောင်း၊ လူတွေ အားလုံး မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးနေကြောင်း၊ ကားက လူတွေကို ဝင်တိုက်တာကို တွေ့မြင်ရကြောင်း၊ ကားတိုက်ခံရပြီး လူတွေ လေထဲ မြောက်တက်သွားသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင် သက်သေများက မီဒီယာသို့ ပြောကြားခဲ့သည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ ၂၀ ဦးကို ကုသပေးနေကြောင်း၊ ယင်းအနက် ကလေး ၄ ဦး ပါဝင်ကြောင်း သိရသည်။

ယခု ဖြစ်ရပ်သည် ဇန်နဝါရီလ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၂း၀၀ နာရီက သြစတြေးလျနိုင်ငံ အရှေ့တောင်ဘက်ရှိ Windsor ဆင်ခြေဖုန်းရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဓားထိုးမှုနှင့် ဆက်စပ်လျက် ရှိကြောင်း၊ ဓားထိုးခံရသူမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသေးကြောင်း ဗစ်တိုးရီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယခုလို ဖြစ်ရပ်များသည် မဲလ်ဘုန်းမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ထောင်ပေါင်းများစွာ လာရောက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.