Connect with us

Europe

အီတလီတွင် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၆ ဦး သေဆုံး

အီတလီတွင် ပျက်ကျသွားသည့် ရဟတ်ယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရောမ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ အလယ်ပိုင်း L’Aquila ပြည်နယ် ဇန်နဝါရီလ ၂၄ ရက်က တောင်တန်းများအကြား ပျက်ကျခဲ့သော ရဟတ်ယာဉ် တစ်စင်းအား ကယ်ဆယ်ခဲ့ပြီးနောက် လူ ၆ ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ရဟတ်ယာဉ်သည် Abruzzo ဒေသရှိ Campo Felice စကိတ်စီး စခန်းအနီး Monte Cefaone တောင်တွင် မီတာ ၆၀၀ ခန့်အမြင့်မှ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း အမျိုးသား အရေးပေါ် ဆေးပညာ ဝန်ဆောင်မှုက သတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ကယ်ဆယ်ရေးအဖွဲ့သည် ဒဏ်ရာရရှိသူ စကိတ်သမား တစ်ဦးအား ကယ်တင်ကာ L’Aquila ပြည်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ရဟတ်ယာဉ် ပျက်ကျချိန်၌ မြူခိုးများ ထူထပ်စွာ ကျဆင်းနေမှုကြောင့် ယင်း နေရာတဝိုက်အား ရှင်းလင်းစွာ မမြင်နိုင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန်နံနက် ၁၂း၀၀ နာရီထိုးပြီး မိနစ် အနည်းငယ်အကြာ၌ ပျက်ကျခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုက ဇန်နဝါရီလ ၁၈ ရက်က Rigopiano ဟိုတယ်ပေါ်သို့ ကျောက်တုံးများ ပြိုကျကာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သော ဖြစ်ရပ်နှင့် ဆက်စပ်ခြင်း မရှိကြောင်း တာဝန်ရှိသူများက အသေးစိတ် ပြောကြားခဲ့သည်။

ရဟတ်ယာဉ်နှင့်အတူ လိုက်ပါသွားသည့် ၆ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်ပြီး E.R. ဆရာဝန် တစ်ဦးနှင့် သူနာပြု တစ်ဦး အပါအဝင် ဖြစ်ကြောင်း၊ အီတလီ စစ်တပ်၏ Alpine ကော်ပိုရေးရှင်း အဖွဲ့ဝင် သုံးဦး၊ လွန်ခဲ့သည့် ရက်အနည်းငယ်က Rigopiano ဟိုတယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ခဲ့သူ နှစ်ဦးတို့ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

ဒဏ်ရာရသူ တစ်ဦးမှာ ရောမမြို့မှ အသက် ၅၀ နှစ်အရွယ် အမျိုးသား လေယာဉ် အကူ တစ်ဦး ဖြစ်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

လေယာဉ် ပျက်ကျရာ နေရာသို့ စုံစမ်းစစ်ဆေးသူများအား ပို့လွှတ်ခဲ့ကြောင်း၊ မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအား ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အီတလီ အမျိုးသား လေကြောင်း လုံခြုံရေး အာဏာပိုင် (ANSV) က ပြောကြားခဲ့သည်။

ရာသီဥတု အခြေအနေ ဆိုးဝါးသည့်အတွက် ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း၊ ပျက်ကျပြီး နာရီများစွာအကြာ လေယာဉ် တည်နေရာနှင့် အပျက်အစီးများအား တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.