Connect with us

Europe

အီတလီနိုင်ငံ ဘိုလော့နာမြို့တွင် ဆီသယ်ယာဉ် ပေါက်ကွဲမှုကြောင့် လူအချို့ဒဏ်ရာရ

ရောမ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ မြောက်အလယ်ပိုင်း ဘိုလော့နာမြို့ပြင်ပ လမ်းမပေါ်တွင် လောင်ဆာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်သမားများက သြဂုတ်လ ၆ ရက်တွင် တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“အဖွဲ့တွေကတော့ ရောက်နေကြပါပြီ။ စစ်ဆေးမှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု အရေးပေါ်အေဂျင်စီက တွစ်တာ၌ ရေးသားထားသည်။ANSA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ကြောက်မက်ဖွယ် မီးလောင်ခဲ့ပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။ (Xinhua)