Connect with us

Europe

ဆွစ်တောင်တန်းတွင် လေယာဉ်ပျက်ကျမှုကြောင့် လူ ၂၀ဦးစလုံး သေဆုံးကြောင်း ရဲတပ်ဖွဲ့အတည်ပြု

ဆွစ်တောင်တန်းတွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျနီဗာ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ဆွစ်ဇာလန်နိုင်ငံ Graubunden ဒေသ ရှိ ဆွစ်တောင်တန်းများတွင် သြဂုတ် ၄ရက် က ဇိမ်ခံလေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ လူ ၂၀ဦးစလုံးသေဆုံးသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ် ၅ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့က သေဆုံးသူများအနက် သြစတြီးယားနိုင်ငံသား ဇနီးမောင်နှံ ၂ဦး နှင့် ၎င်းတို့၏ သားဖြစ်သူမှလွဲ၍ ကျန်လူများမှာ ဆွစ်ဇာလန်နိုင်ငံသားများဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခုအရ သြဂုတ် ၄ရက် နံနက်ပိုင်း တွင်လည်း Hergiswilမြို့ အနီး၌အခြား လေယာဉ်တစ်စီးပျက်ကျခဲ့၍ မိသားစုဝင် ၄ဦးသေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.