Connect with us

Europe

အီတလီ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း သရုပ်ပြ ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျရာ လေယာဉ်မောင်းသူ သေဆုံး

လေကြောင်း သရုပ်ပြ ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျခဲ့သည့် အီတလီ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ် အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရိုးမား ၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အီတလီ နိုင်ငံ စစ်ဘက်ဆိုင်ရာ လေယာဉ် တစ်စင်း သည် စက်တင်ဘာ ၂၄ ရက်နေ့၌ အီတလီ နိုင်ငံ အလယ်ပိုင်း ရှိ Terracina မြို့တွင် လေကြောင်း သရုပ်ပြ ပျံသန်းမှု ပြုလုပ်စဉ် ပျက်ကျခဲ့ရာ လေယာဉ်မောင်းသူ သေဆုံး ခဲ့ရကြောင်း သိရှိခဲ့ရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဥရောပ တိုက်လေယာဉ် ဟု အမည် သတ်မှတ်ထားသည့် စစ်ဘက်ဆိုင်ရာ လေယာဉ် သည် ပင်လယ်ပြင် ကို ဖြတ်သန်း ၍ မောင်းနှင်နေစဉ် အတွင်း ရုတ်တရတ် ထိုးကျသွား ခဲ့သဖြင့် ကယ်ဆယ်ရေး အဖွဲ့ က ရှာဖွေကယ်ဆယ် ခဲ့ကြသော်လည်း လေယာဉ် မောင်းနှင်သူ ၏ ရုပ်အလောင်း ကိုသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် သရုပ်ပြ လာရောက်ကြည့်ရှုသည့် ပရိသတ် များက လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိုင် များတွင် ပျက်ကျခဲ့သည့် လေယာဉ် သည် မပျက်ကျမီ ဝေဟင်၌ လျင်မြန်စွာ လည်ပတ်မှု ပြုလုပ်ပြီး ပင်လယ်ပြင် သို့ထိုးကျသွားကြောင်း တွေ့ရှိခဲ့ရသည်။

အီတလီ နိုင်ငံ စစ်ဘက်ဆိုင်ရာ က အခင်းဖြစ်ပွားပြီးနောက်တွင် ပျက်ကျခဲ့သည့် လေယာဉ် သည် အီတလီ နိုင်ငံ လေတပ် ၏ လေကြောင်းမောင်းနှင်မှု စစ်ဆေးသည့် လေယာဉ် တစ်စင်း ဖြစ်ကြောင်း ၊ စစ်ဘက်ဆိုင်ရာ အနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကို ချက်ချင်းဆောင်ရွက်ခဲ့ပြီး နောက်ပိုင်း လေကြောင်း သရုပ်ပြ စီမံကိန်း များအားလုံးကို ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အခင်းဖြစ်ပွားရသည့် အကြောင်းရင်း ကို မသိရှိသေးဘဲ အီတလီ လေတပ် မှ စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.